♠FOURTEEN♠

3.6K 462 41
                                    

Unicode

6.7.2021

သူတမင်တကာ Babyကိုရှောင်နေခဲ့တာ. ဘယ်လောက်ဘဲနာကျည်းမိမိ ချစ်နေရတဲ့သူမလို့ သူ့ကြောင့်ကျလာတဲ့ မျက်ရည်တွေကို သူကြည့်ဖို့ခံနိုင်ရည်မရှိခဲ့ဘူး....

သူမရှိတဲ့Babyဘဝကတော့သာသာယာယာပါဘဲ.. ကောင်မလေးနဲ့cafeထိုင်လိုက် အချစ်ဦးနဲ့တွေ့လိုက်နဲ့... သူ့ရင်ထဲမှာတော့ ပြာကျမတတ်ပူလောင်နေတာသူသာအသိ... အိမ်ကိုလာသွားတယ်လို့ အဖေပြောတော့ အံ့သြသွားမိတာအမှန်.. ရယ်စရာကောင်းတဲ့စိတ်က. လွမ်းလို့ လာရှာတာများလားဆိုပီး ပေါက်တတ်ကရ အတွေးတွေးလိုက်မိသေး..

Hello.

အေးJungkook မနက်ဖြန်နော် မင်းမေ့နေတာတော့မဟုတ်ဘူးမလား

ငါသိပါတယ်ကွာ မမေ့ပါဘူး မင်းကလဲမယူချင်လို့ဘဲတော်သေး Taehyung shiiထပ်ပိုရောက်ရက်ခက်နေသလိုဘဲ.

ငါကမင်းမလာမှာစိုးလို့.. Taehyungကမင်းတွက်ဝတ်စုံ ဝယ်ပေးလိုက်တယ် ခဏနေပို့လိမ့်မယ်.

ဟာ မလိုတာကြီးကိုကွာ အားနာစရာ.

လိုတယ်Jungkookရ မနက်ဖြန်ပွဲမှာ သူ့ဘက်ကအသိုင်းဝိုင်းတွေကလာကြဦးမှာ.

ဟုတ်ပါတယ်လေ ဆွေကြီးမျိုးကြီး နဲ့ အချမ်းသာဆုံးစာရင်းဝင်တွေဆိုတော့ သိပ်ကိုကြီးကျယ်မဲ့ပွဲမျိုးဘဲ. အဲ့လိုပွဲမျိုးမှာ ပုံမှန်အတိုင်းသာဝတ်စားသွားရင်.. အထင်သေးတဲ့အကြည့်တွေဘယ်လောက်တောင် ကြည့်ခံလိုက်ရမလဲ...

အေးပါကွာ. မနက်ဖြန်ရောက်အောင်လာခဲ့မယ် ဝတ်စုံတွက်လဲ Taehyung shiiကိုကျေးဇူးပါလို့ ပြောပေးပါဦး.

~~~

ထင်တဲ့အတိုင်း သူရောက်သွားချိန်မှာတော့ ပွဲကစနေလေပြီ.. လူတွေအတော်များပေမဲ့ သူ့နေရာနဲ့သူ စည်းကမ်းတရှိ.. စားသောက်နေကြသည်. ဆူညံခြင်းအလျှင်းမရှိ.. စိတ်ရှိတိုင်းဆို hoseokကိုပြေးဖက်ပြီးဂုဏ်ပြုချင်ပေဲ့ အခြေနေကြောင့်.. အိန္ဒြေထိန်းလိုက်ရသည်..

" BABY " [Uni & Zaw]Where stories live. Discover now