တကယ်​ကြီးပဲ...လျန်​ကျွင်း​ခြေ​ထောက်​လှလှ​တွေက
သူ့စိတ်​ကူးနဲ့တခြားစီပဲ...

ခြေ​ထောက်​အာရုံ​ကြောများမှာ
အလွန်​ခံစားလွယ်​​နေသည့်​အတွက်​ ရှီကျင်း
ခပ်​ဖွဖွသာတို့ဆိတ်​လိုက်​​သော်​လည်း
ရုတ်​တရက်​ဆန်​သွားရာ လျန်​ကျွင်းသည်
အနည်းငယ်​တွန့်​သွားပြီး မျက်​ခုံးများ
ကွေးညွန့်​သွားသည်​။

ရှီကျင်းလည်း သူလုပ်​မိသည်​ကို
သ​ဘော​ပေါက်​သွားကာ ​ခြေသလုံးကို
ညင်​သာစွာကိုင်​ပြီး စိုးရိမ်​တကြီး​မေးလိုက်​သည်​။

"နာသွားလား...​တောင်းပန်​ပါတယ်​..
ကျွန်​​တော်​အားနည်းနည်းများသွားတယ်​"

"ဟင့်​အင်း"
လျန်​ကျွင်းမျက်​ခုံးတို့
ပြန်​လည်​​ဖြေ​လျော့သွားပြီး လူငယ်​​လေး၏ 
နွေး​ထွေး​ခြောက်​​သွေ့​သောလက်​များကို
ရှောင်​ရန်​ ​ခြေ​ထောက်​ကိုနည်းနည်း​ရွေ့
မိလိုက်​သည်​။တစ်​စုံတစ်​​ယောက်​နှင့်
ဒီလိုအသားချင်းတိုက်​ရိုက်​ထိ​တွေ့တာမျိုးကို
သူအသားမကျ​သေး​ပေ။

ရှီကျင်းမှာ​တော့ လျန်​ကျွင်း၏လှုပ်​ရှားမှုမှာ
သူထိ​တွေ့လိုက်​တာ​ကြောင့်​ နာကျင်​သွားသည်​ဟု
ထင်​မိလိုက်​ရာ မျက်​​မှောင်​ကြုတ်​လျက်
ရှောင်​စစ်​ကို​မေးသည်​။

"လျန်​ကျွင်း​ခြေ​ထောက်​​တွေက
ငါထင်​တာထက်​ ပိုအထိမခံဖြစ်​​နေတယ်​...
နှိပ်​တာကိုခံနိုင်​ပါ့မလား"

<ခံနိုင်​ပါတယ်​...ကျင်းကျင်းအား​လျော့သုံးဖို့ပဲ
လိုတာ။မာဆတ်​က ဒါလင့်​အတွက်
ကောင်းတယ်​>

ရှောင်​စစ်​ အာမခံသည်​။သူ၏အသံမှာ
ပိုတက်​ကြွလာကာ
<လုပ်​ထားကျင်းကျင်း...မ​ကြောက်​နဲ့!
အသိုက်​​လေးကကြည့်​​ကောင်းတယ်​!
ကြိုးစားထား! ဒါလင့်​ရဲ့ချွဲကျိကျိအသိုက်​​လေး!>

ရှီကျင်း: “……”

ကြည့်​ရတာ သူ့​ရွှေလက်​​ချောင်းက
အလှတရား​ကြောင့်​ မျက်​စိကန်းပြီး
ပလပ်​ကျွတ်​သွားပုံပဲ..

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now