"ဟုတ်တယ်​နော် boss..."

"ထားလိုက်ပါ... Sehun အလုပ်ကိစ္စအ​ရေးကြီးတာ ဘာရှိ​သေးလဲ..."

"အ​ရေးကြီးတာ​တော့ မရှိ​တော့ဘူး... boss ဘာလုပ်စရာရှိလို့လဲ..."

"က​လေးငယ် အက်ဆီးဒင့်ဖြစ်လို့တဲ့​လေ... Baekhyun ဖုန်းဆက်လာတယ်..."

"ဗျာ!!!... ​တော်​တော်ထိသွားလား..."

"သိပ်​တော့မထိဘူးလို့​ပြောတာပဲ... ဒါ​ပေမယ့် က​လေးငယ် အ​ခြေ​နေသိ​အောင် အခုအိမ်ကို ပြန်မယ်..."

"ဟုတ်ကဲ့..."

ခြံထဲ ကားရပ်လိုက်သည်နှင့် Kris မြန်ဆန်​သော ​ခြေလှမ်းများဖြင့် Krisအိမ်ထဲ ဝင်ခဲ့လိုက်သည်....

အိမ်ထဲ ဝင်,ဝင်ခြင်း ကြားလိုက်ရ​သော ရယ်သံတို့​ကြောင့် ဧည့်ခန်းကို ကြည့်လိုက်မိ​တော့ က​လေးငယ်နဲ့အတူ လူစိမ်းတစ်​ဦးတို့ကို ​တွေ့လိုက်ရသည်...

"က​လေးငယ်...."

က​လေးငယ်ကို ​အသံ​ပေးလိုက်ကာ က​လေးငယ်ထံတည့်တည့်သွားလိုက်သည်...

ထရပ်မည်ပြုပြီးမှ ပြန်ထိုင်ကျသွား​​သော က​လေးငယ်ထံမှ နာကျင်သွားဟန် အာ​မေဋိတ်သံထွက်လာတာမို့ Kris လျင်မြန်စွာပင် က​လေးငယ်အနား​ရောက်​သွား​တော့သည်...

အနား​​ရောက်မှ ကြည့်မိ​တော့ က​လေးငယ်၏ ညာဘက်​ခြေ​ထောက်တွင် ဒူးအထိ ​ကျောက်ပတ်တီးအပြည့်က​နေရာယူထားသည်...

"Kris​ရောက်လာပြီလား..."

အ​အေးခွက်တို့ တင်ထား​သောဗန်းကို ကိုင်ကာKrisတို့အနားကို ​​ရောက်လာ​သော Haeraက Krisကို ​မေးလာသည်...

ထို့​နောက် အ​အေးခွက်တို့ကို ဧည်သည့်လူစိမ်း​ရှေ့တွင်​ရော Kris​ရှေ့တွင်ပါချ​ပေးပြီးမှ Krisတို့ အနီးတွင် ဝင်ထိုင်သည်...

"Haera က​လေးငယ် အ​ခြေ​နေ..."

"​ခြေ​​ထောက်အရိုးနည်းနည်း​လေးအက်သွားတာ... ကျန်တာတော့ကြီးကြီးမားမား မဖြစ်ပါဘူး... ငါ​ရောက်​တော့ သူတို့က ​ဆေးခန်းကပြန်လာ​နေပြီ​လေ...."

"ကျွန်​တော် ​တောင်းပန်ပါတယ်ဗျာ... ကျွန်​တော် သတိမထားမိလိုက်လို့ အခုလိုဖြစ်သွားရတာ..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now