"ကျွင်း​ရှောက်​က စားဖိုမှူးဘယ်​နှစ်​​ယောက်
ခန့်​ထားတာလဲ?"

"အဲ့လိုမရှိပါဘူး ၊ ဒီကစားဖိုမှူး​တွေအားလုံးက
ငါတို့လူ​တွေချည်းပဲ"

လျန်​ကျွင်းသည်​ ပြန်​​ဖြေရင်း 
ဖျော်​ရည်​နှစ်​ခွက်​လှမ်းမှာလိုက်​သည်​။

ရှီကျင်း မယုံသင်္ကာဖြစ်​သွားကာ
"ကျွန်​​တော်​တို့ဆီမှာ အချက်​အပြုတ်​ဌာနပါ
ရှိ​နေတာလား?"

လျန်​ကျွင်းသည်​ ရှီကျင်း၏'ကျွန်​​တော်​တို့'
ဟူ​သောအသုံးအနှုန်းကို သ​ဘောကျကာ
ဝှီးချဲကိုမှီရင်း ပြန်​​ပြောသည်​။

"မရှိပါဘူး—သူတို့ဘာသာသူတို့
သင်​တန်း​ကျောင်းအမျိုးမျိုး ...
လေ့ကျင့်​​ရေးတက္ကသိုလ်​အမျိုးမျိုးကို
တည်​​ဆောက်​ပြီး စီမံတာ၊ အနည်းနဲ့အမြန်
သူတို့အားလုံးလည်း ဒီလိုညှီ​ဟောက်​တဲ့
ဘဝကြီးက​နေ လွတ်​​မြောက်​​တော့မှာ​လေ...
သာမန်​ဘဝထဲ ကိုယ့်​ဝမ်းကိုယ်​​ကျောင်းနိုင်​ဖို့
အ​ရေးကြီးတယ်​"

လျန်​ကျွင်း ထိုသို့အဖွဲ့အစည်း၏
အတွင်း​ရေးများ​ပြောသည်​ကိုကြားရသည်​မှာ
ပထမဆုံးဖြစ်​သည်​။
ရှီကျင်းသည်​ အရင်​တုန်းက ပုံမှန်​သာ
ရိုးရိုးရှင်းရှင်းလေ့ကျင့်​ပြီး တာဝန်​ရပ်​များကို
ဘာမှ​ထွေ​ထွေထူးထူးမသိဘဲ လုပ်​​ဆောင်​ခဲ့သည်​။
မသင့်​တော်​မည်​​ကြောက်​သဖြင့်
ကိစ္စရပ်​များကိုတအားလည်း မစပ်​စုရဲခဲ့​ပေ။
အခု လျန်​ကျွင်းဘက်​မှ ဆန္ဒရှိ​နေဟန်​မြင်​မိရာ
ရှီကျင်းလည်း မ​နေနိုင်​စွာ ​မေးလိုက်​သည်​။

"ကျွင်း​ရှောက်​က ပျက်​သုဉ်းခြင်းအဖွဲ့အစည်း
တစ်​ခုလုံးကို ​ပြောင်းလဲပစ်​ဖို့ စီစဉ်​​နေတာလား?"

လျန်​ကျွင်းသည်​ ​ခေါင်းညိတ်​ကာ
စားပွဲထိုးယူလာ​သော​ဖျော်​ရည်​ထဲမှ
တစ်​ခွက်​ကိုရှီကျင်း​ရှေ့သို့ တွန်းပို့​ပေးသည်​။
ထို့​နောက်​လူငယ်​​လေးမှာ အစားအ​သောက်​ကို
ကိုယ်​တိုင်​​ရွေးဖို့စိတ်​ကူးမရှိသည်​ကိုမြင်​သဖြင့်
ဒီ​နေရာ၌နာမည်​ကြီး​သောသစ်​သီးကိတ်​နှင့်​အတူ
ပင်​လယ်​စာဆန်​ပြုတ်​အပါအဝင်
မနက်​စာအတွက်​အဆင်​​ပြေသော
စားစရာများကိုမှာလိုက်​သည်​။
စားပွဲထိုးထွက်​သွားမှဆက်​​ပြောသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now