-
-
-
-
"Taehyungie အိမ်ပဲပြန်လိုက်တော့နော်။ ဒီနေ့တော့အိပ်ရေးဝဝအိပ်ပြီးနားလိုက်အုံး ဒီတပတ်လုံးHyung scheduleရှင်းပေးထားမယ် အင်တာဗျူးတွေလောက်ပဲရှိတော့မှာ"

"Nae hyung"

Taehyungကဒရာမာseriesအသစ်တွေလက်ခံမရိုက်ကူးသေးပဲကြော်ငြာတွေလောက်သာရိုက်ကူးခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လအနည်းငယ်လောက်ကမှုခင်းရုပ်ရှင်ကားတစ်ခုတွင် ပါဝင်ဖို့ကမ်းလှမ်းခံခဲ့ရတာကြောင့် သူလည်းစိတ်ဝင်စားသည်မလို့ပါဝင်ရိုက်ကူးဖြစ်ခဲ့ခြင်းပင်။

ဒီနေ့ကတော့ရိုက်ကူးရေးနောက်ဆုံးနေ့ဖြစ်သည်မလို့ တစ်ညနှင့်တစ်မနက်လုံးရိုက်ကူးရေးလုပ်အပြီးမှာတော့ ကားပေါ်ရောက်ရောက်ချင်းခေါင်းပင်မထောင်နိုင်တော့။

ကွန်ဒိုကိုဘယ်ချိန်ဘယ်လိုရောက်သွားလိုက်မှန်းလဲမသိတော့။ ရိုက်ကူးရေးတွေကရက်ဆက်နေကာ ပင်ပန်းနေသည်မလို့အိမ်ရောက်ရောက်ချင်း ရေမိုးပင်မချိုးနိုင်တော့ပဲ ထိုးအိပ်ပစ်လိုက်တာ ညနေစောင်းမှပဲနိုးတော့သည်။

အိပ်ယာနိုးနိုးချင်း အချိန်ဆွဲလို့မရ။ အချိန်ရှိခိုက်လေးJungkookနဲ့ဖုန်းဆက်ရမယ်။ ရေချိုးခန်းထဲဝင်ကာရေချိုးခေါင်းလျှော်ပြီးအထွက် မွှေးပျံ့နေသည့်စပါဂတီအနံ့ကနှာခေါင်းထဲသို့ဝင်ရောက်လာသည်။

ဘယ်သူလဲလို့မေးနေစရာမလိုလောက်။ ရင်ခုန်စွာဖြင့် အင်္ကျီပင်မဝတ်နိုင်တော့ bathrobeဝတ်ထားလျက်နဲ့ပင်မီးဖိုခန်းဖက်သို့ပြေးထွက်လာမိတော့သည်။

မီးဖိုခန်းသို့ရောက်တော့ တွေ့ပါပြီ။ သူထင်သည့်အတိုင်းJungkookဟာ စပါဂတီပန်းကန်နှစ်ချပ်ကို စားပွဲပေါ်သို့ပြင်ဆင်နေလေသည်။

"မောင်"

သူ့ကိုလည်းတွေ့ရော ပြင်ဆင်နေရင်းကနေသူ့အနားသို့စိတ်ပူစွာရောက်ချလာသည်။

"Taeရာ ညနေခင်းကြီးခေါင်းလျှော်ပြန်ပြီလားပြီးတော့အိပ်ယာနိုးနိုးချင်းကြီး ဖျားရင်ဘယ်လိုလုပ်မလဲ? ဟမ်?"

"မောင်ကလဲ ..."

Jungkook သူပြောလိုက်တော့မျက်နှာငယ်ဖြင့်ဘာမှပြန်မပြောပဲသူ့ရင်ခွင်တိုးဝင်ကာဖက်လာသည့်အစ်ကိုပေါက်စကြောင့် အသည်းယားသွားရသည်။

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now