မည်​သူမှသတိမပြုမိခင်​တည်းက
Gua Erတို့သည်​ ဤ​ဧရိယာကိုဝန်းရံပြီးသား
ဖြစ်​သဖြင့်​ ချက်​ချင်းအ​ပြေး​ရောက်​လာကာ
နေရာမှတုပ်​တုပ်​မလှုပ်​​သေး​သော
လီကျိုးကျန့်​ကိုထိန်းသိမ်းလိုက်​သည်​။

ရှီကျင်းသည်​ လျန်​ကျွင်း၏​ပွေ့ဖက်​မှု​အောက်​တွင်
သူ၏ကိုယ်​သင်းနံ့​ဖျော့​ဖျော့​လေးကို
ရှူရှိုက်​မိရင်း လုံးလုံးအံ့​သြမှင်​သက်​​နေရသည်​။

"လျန်​ကျွင်း လမ်း​လျှောက်​​နေတယ်​ !
သူလမ်း​လျှောက်​​နေတယ်​ ! "

သူစိတ်​ထဲ​ဟစ်​​ကြွေးလိုက်​သည်​။

ရှောင်​စစ်​သည်​လည်း ရူး​တော့မလိုဖြစ်​​နေကာ
<ဒါလင်​က ကျင်းကျင်းထက်
အရပ်​ပိုရှည်​တယ်​ ! တကယ်​ကြီး
အရပ်​ရှည်​တာ! ​ကောင်းလိုက်​တာ!>

ရှီကျင်း : “…”

သူသည်​ လျန်​ကျွင်းအ​ပေါ်မှီတွယ်​ရင်း
ဟောက်​လိုက်​သည်။

"မင်းဘာ​ပြောလိုက်​တယ်​ ​ရှောင်​စစ်​.."

စစ်​စတန်​မှာ အိပ်​ချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​။
နောက်​ဆုံး​တော့ ရှီကျင်းလုံခြုံသွားပြီဖြစ်​သဖြင့်
နာကျင်​မှုသက်​သာရန်​၊ခန္ဓာကိုယ်​လှုပ်​နိုင်​ရန်
စ​သော ​ပေးထည့်​ထား​သည့်​buffအားလုံးကို
ပြန်​လည်​ရုတ်​သိမ်းလိုက်​သည်​။
ရှီကျင်းအနားယူသင့်​​သောအချိန်​​ရောက်​ပြီ
ဖြစ်​သည်​။

ထို့​ကြောင့်​ ​နောက်​တစ်​က္ကန့်​ကြာသည်​နှင့်
ရှောင်​စစ်​အား အားတတ်​သ​ရော​မေးခွန်းထုတ်
နေသည့်​ရှီကျင်းသည်​ ပါးစပ်​ဟဖို့​တောင်
အချိန်​မရှိ​တော့ဘဲ လျန်​ကျွင်းရင်​ခွင်​ထဲ
ပြိုလဲကျသွား​တော့သည်​။

ရုတ်​တရက်​​ပျော့​ခွေကျလာသည့်
လူငယ်​​လေး၏အ​လေးချိန်​​ကြောင့်
လျန်​ကျွင်းယိုင်​တိုင်​တိုင်​ဖြစ်​သွား​သော်​လည်း
အချိန်​မီကိုယ်​ကိုပြန်​ထိန်းလိုက်​သည်​။
သူငုံ့ကြည့်​လိုက်​ရာ သတိ​မေ့​မျောသွား​သော
ရှီကျင်းကိုမြင်​လိုက်​ရသည့်​အတွက်
နှုတ်​ခမ်းများ တင်းတင်းစိသွားသည်​။
ရှီကျင်းကို ရင်​ခွင်​ထဲပို၍တင်း​တင်းကျပ်​ကျပ်
သိမ်းဖက်​ကာ အ​ရှေ့သို့​လျှောက်​လှမ်းပြီး
ဝှီးချဲ​ပေါ်တွင်​ ဂရုတစိုက်​​နေရာချ​ပေးလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now