"အပိုတွေ ပြောမနေနဲ့
အကြောင်းရင်းက အဲ့နေ့ နင်မအားဘူး အဲ့တာကြောင့်လာမကြိုနိုင်ဘူး ဟုတ်တယ်မလား
ဘာမှမဖြစ်ဘူး မအားရင်မလာနဲ့
ငါ ပြန်ရောက်ရင် ဘယ်အချိန်တွေ့တွေ့ရတယ် အလုပ်က အရေးကြီးတယ်
နောက်ပြီး မကြီးတို့လည်း လာကြိုမှာဆိုတော့ ငါအဆင်ပြေတယ် ဟုတ်ပြီလား”

"အေးဟ ငါလည်း အဲ့နေ့ဆက်ဆက်လာချင်တာကို အလုပ်ကလည်းဟာ သိတဲ့အတိုင်း
သူဌေးက စည်းကမ်းကြီးတော့
ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်က အဆင်မပြေဘူး”

"အမလေး မယ်မင်းကြီးမရယ်
မအားရင် မလာပါနဲ့
တော်ကြာ ၃ နှစ်ကျော် ၄ နှစ်နီးပါးလောက် လုပ်လာတဲ့အလုပ်က ပြုတ်သွားလို့
ငါ နင့်ကို တင်မကျွေးနိုင်ဘူးနော်”

"ဟယ် ငါကလေ နင်ပြန်လာရင်
ဒီအလုပ်က ထွက်ပြီး
နင် company တွေဘာတွေများဖွင့်ရင့်
နင့်ဆီမှာ ပဲ ဝင်လုပ်မလို့ စဥ်းစားထားတာဟ”

"အမလေး company ဖွင့်လိုက်ခါမှ ကုန်းကောက်စရာ မရှိတဲ့ဘဝ ရောက်သွားဦးမယ်
ဒေါ်အမရာ ကျွန်မကို အချွန်နဲ့မ မနေနဲ့ သိလား”

"ဟား ဟား ဟုတ်ပါပြီဟာ
ငါ့သယ်ရင်းလေး ကုန်းကောက်စရာမရှိတဲ့ ဘဝ ရောက်သွားမှာစိုးလို့ မတိုက်တွန်းတော့ပါဘူး
ဒါနဲ့ ဒီပြန်ရောက်ရင်ရော နင်ဘာလုပ်ဖို့စဥ်းစားထားလဲ
နင့်ကိုကမ်းလှမ်းထားတဲ့ company တွေကတော့ များမှာပဲနော်
ငါတို့ company တောင်ပါချင်ပါမှာ
ဟဲ့ အဲ့လိုပါလာရင် ငါတို့ company ပဲရွေးနော်”

"နင်တို့ company ရွေးဖို့နေနေသာသာ
ငါနင့်တို့ company နာမည်တောင် မသိဘူး”

"အေး နင်လည်း ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် အချစ်ဆုံးသူငယ်ချင်လည်းပြောသေး
သူလုပ်တဲ့ company တောင်မသိဘူးတဲ့
အေးလေ ဘယ်သိမလဲ
ငါ့ company အကြောင်းပြောဖို့လုပ်တိုင်း
နင်က ရှေ့က ကြိုကြို ပိတ်သွားတာလေ”

"အော် နင်က company အကြောင်းပြောရင် အဲ့တာနဲ့တင်ပြီးလို့လား
သူဌေး စည်းကမ်းကြီးကြောင်း
သူဌေးတော်ကြောင်း
သူဌေးထက်မြတ်ကြောင်း
သူဌေး အလုပ်ကြိုးစားကြောင်း
သူဌေး ဘယ်လောက် ယောကျာ်းပီသကြောင်း
သူဌေးချင်းက မိုးမွှန်အောင် ထပ်နေတာကို
မသိရင် သူ့အကိုလိုလို သူ့ချစ်သူလိုလိုနဲ့ ငါနာမထောင်ချင်တာ အပြစ်လား”

You had me at helloWhere stories live. Discover now