ဇာတ်သိမ်းပိုင်း

36K 936 115
                                    

Unicode

အတန်းဆင်းဖို့စာသင်သားတွေထက်ပိုပြီးတက်ကြွနေတဲ့ထည်၊ နောက်ဆုံးသင်ခန်းစာပြီးသွားတာနဲ့လွယ်နေကြကျောပိုးအိတ်အရှည်ကိုကောက်စွတ်ရင်းအတန်းထဲကထွက်လာခဲ့သည်။ ထည်ကနေထက်နဲ့အတူသင်တန်းတစ်ခုမှာတာဝန်ယူပြီး နာရီအပိုင်းအခြားနဲ့စာသင်ပေးရသည်။ ဒီအလုပ်မှာအတည်တကျလုပ်ဖြစ်သွားမလား မသေချာပေမဲ့ ဖေဖေရဲ့ကျောက်မြတ်လုပ်ငန်းကိုတော့ ထည်စိတ်မဝင်စားခဲ့။

လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်သည်မို့ မိဘ တွေဆီခွင့်တောင်းပြီး တိုက်ခန်းတစ်ခန်းဝယ်ကာ
နှစ်ယောက်အတူနေဖြစ်ကြသည်။ အသက်ကြီးလာပေမဲ့ ကလေးစိတ်မကုန်သေးတဲ့ တိကိုတော့ထည်ကပဲအရင်လိုဦးဆောင်လမ်းပြ အလျှော့ပေးရတုန်းဖြစ်သည်။ နှစ်ယောက်လုံးဆယ်မိနစ်ခြားတစ်ခါ ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့ တရွေ့ရွေ့ကုန်ဆုံးသည်။

သင်တန်းဆင်းတော့ အချိန်ကညနေ၆နာရီဖြစ်တာကြောင့် အပြင်ဘက်မှာအနည်းငယ်မှောင်နေပြီ။
ညစာအတွက်လည်း ထည်ပဲပြင်ဆင်ရဦးမှာ ဖြစ်သည်။ တိကတော့ဘာဆိုဘာမှမလုပ်တက်တာကို ပြောနေစရာမလိုပါ။ကြုံရာBusကားကိုတိုးစီးလိုက်တော့ မှတ်တိုင်ဆင်းသည်နှင့်၇နာရီထိုးပြီဖြစ်လေသည်။ ထည်တို့နေတဲ့အိမ်ယာတွေက အများအားဖြင့် လေးထပ်တိုက်ကစလို့ ၆ထပ်တိုက်ထိရှိသည်ဖြစ်ရာ အဆောက်အဦးတွေကို ချိူးကွေ့ရင်း တိုက်ခန်းထဲဝင်လာလိုက်သည်။

ထည်တို့ရဲ့တိုက်ခန်းကသုံးထပ်တိုက်ဆိုပေမဲ့ စျေးအနည်းငယ်သက်သာတဲ့ ဒုတိယမြောက်ထပ်ကို
ဝယ်ဖြစ်ခဲ့ကြသည်။တိုက်ခန်းအရှေ့ဘက်မှာ
ယောကျ်ားလေးသီးသန့်Gymကစားတဲ့တစ်ထပ်တိုက်ခန်းအကျယ်ကြီးလည်းရှိနေသေးသည်။
တစ်ခါတစ်ခါလာကစားကြသူတွေက ထည်တို့အခန်းဘက်ကိုလှမ်းရှိုးတက်သည်မို့ ဘဝင်မကျ။

အမြဲတမ်း ရန်ခဏခဏဖြစ်နေရာကနေကိုတိသူ့ကိုငြီးငွေ့သွားမှာတစ်ခါတလေတော့လည်းစိုးရိမ်မိ၏။
တိုက်ခန်းတံခါးကို အထဲကနေပိတ်မထားတာကြောင့် ထည်မျက်မှောင်တွေကြုတ်လိုက်မိသည်။ နေ့လည်
နေ့ခင်းလည်းစိတ်မချရတဲ့ဟာကို တော်တော်ပေါ့တဲ့
လူ။

မွေးစားညီလေး [COMPLETE]Where stories live. Discover now