အပိုင်း ၁၉

15.3K 734 20
                                    

Unicode

"မရပါဘူးရှင် ဒါက Coupleနာရီပါ သပ်သပ်စီခွဲမရောင်းပါဘူး ကျေးဇူးပါရှင့်..."

ဘာလဲဟ.. လူကိုဝယ်နိုင်မှာမဟုတ်ဘူးဆိုတဲ့အကြည့်မျိုးနဲ့နာရီဘူးကိုပြန်တောင်သိမ်းသွားလိုက်သေးတယ်။ ဒီဆိုင်ကService ညံ့ချက်ပဲ။ မီမီသက်ကျော်က အရင်တည်းကနာရီဆို Crazyမို့ တစ်လကိုတစ်မျိုးလောက်တော့ ပြောင်းလဲပြီးဝတ်တက်တာမျိုး။ ကိုတိနဲ့ကဆင်တူဝတ်ဖို့ဆိုတာ
အရင်တည်းက မဖြစ်နိုင်တဲ့ကိစ္စကြီး။ ဝတ်ခိုင်းရင်ကရပေမဲ့ကိုယ်ကချည်းဝယ်ရမှာလဲတခါတလေတော့နှမြောမိတယ်။

ကိုယ်ဝယ်ပေးတဲ့ပစ္စည်းတွေတောင် ကိုမဟာသတ္တိတို့ကဆယ်ခါတစ်ခါထုတ်သုံးတာမဟုတ်။

"သပ်သပ်စီခွဲရောင်းလို့ရပါတယ် အကယ်၍ ဒီယောကျာ်းလေးပတ်တဲ့နာရီကိုကြလိုချင်တဲ့လူရှိရင် သပ်သပ်စီယူလို့
ရမယ်မလား.."

"ဒါကတော့ ယူမဲ့လူနဲ့ညှိလိုက်ပါနော်
ညီမတို့ဆိုင်ကတော့ Coupleလိုက်ပဲရောင်းပါတယ်"

"ဘာဖြစ်လို့လဲဟင် သပ်သပ်စီခွဲရောင်းလိုက်ရင်
နာရီလေးရဲ့ချစ်ခြင်းကိုခွဲမိသလိုဖြစ်ပြီး နောက်ဘဝလည်းအခုလိုအပျိုကြီးဖြစ်မှာစိုးလို့လား..."

"ဘာရှင့်!!!"

သူပြောလိုက်တော့ ဝန်ထမ်းကောင်မလေးကအတော်
မျက်နှာပျက်နေပြီဖြစ်သည်။ သူ့ကိုမဝယျနိုငျပါဘူးဆျိုတဲ့ပုံစံမြိုးနဲ့လာဆကျဆံတာကို နည်းနည်းတော့ကလိချင်သေးတယ်။ ကိုယ့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားလဲနည်းလား။

"ကျွန်တော်ရှာနေတဲ့ဒီဇိုင်းလေးနဲ့တူလိုက်တာ
Onlineကရှာကြည့်ပေမဲ့ သူကလဲခွဲမရောင်းဘူး
Couple လိုက်မှတဲ့ ဘယ်လိုလဲ အတူတူစပ်တူဝယ်လိုက်ကြမလား..."

နေထက်ဆိုင်ထဲဝင်လာတဲ့ရည်ရွယ်ချက်ကဖိနပ်ဝယ်ဖို့သာဖြစ်သည်။ ဒါပေမဲ့ ကောင်တာမှာစကားပြောနေသံကိုမသိမသာနားစွင့်ရင်း လူကတိတ်တဆိတ်ခိုးရယ်မိသွားသည်အထိပင်။ ဘယ်လိုကောင်မလေးမျိုးပါလိမ့်။

ခပ်တိုတိုဂုတ်ထောက်ဆံပင်လေးနဲ့ ဘာမှမလိမ်းခြယ်ထားတာတောင် ကြည့်ကောင်းတဲ့မျက်နှာလေး။ မျက်ခုံးမွှေးခပ်ပါးပါးနဲ့ အနည်းငယ်မှေးကျဥ်းချင်တဲ့မျက်ပိတ်မှေးလေးမသိရင်တရုတ်ပေါက်စလေးနဲ့တောင်တူချင်သည်။ဝန်ထမ်းမိန်းကလေးကိုတမင်ပြဿနာရှာပုံက ဒေါသထွက်ချင်စရာကောင်းသည်ဆိုတာထက် ကလေးဆန်ပြီးချစ်စရာကောင်းသည်။ ဒီကြားထဲ လူမမြင်အောင်ခေါင်းငုံ့ကာခိုးရယ်လိုက်မိတာကို သူဝန်ခံပါသည်။

မွေးစားညီလေး [COMPLETE]Where stories live. Discover now