အပိုင်း ၂၆

13.8K 750 21
                                    

Unicode

သတ္တိအရင်နိုးလာတာနဲ့ ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်တဲ့အမှုပြီးသွားတာတောင် ထည်ကအိပ်ကောင်းနေတုန်းပဲရှိသည်။ခုထိနိုးမလာသေးတဲ့ထည့်ကိုသွားနှိုးဖို့စိတ်ကူးမိတုန်း အတွေးတစ်ခုကဖြတ်ခနဲဝင်သည်။ ကုတင်ပေါ်မှောက်အိပ်နေသူရဲ့ဘောင်းဘီ
အိတ်ကပ်ထဲကဖုန်းကိုနှိုက်ထုတ်ရင်း သူ့နံပါတ်ကိုနှိပ်ခေါ်လိုက်သည်။ "တိငယ်"ဆိုပြီးပေါ်လာတဲ့စာလုံးလေးနှစ်လုံးကြောင့်လည်း ကျေနပ်သလိုပြုံးပြီးမှနေရာတကျပြန်ထားပေးလိုက်တယ်။ကိုယ့်ဖုန်းရဲ့
Contact listထဲမှာတော့ "ဘေဘီထည်ထည်"
ဆိုပြီး လက်ကအလိုအလျောက်သွားနှိပ်နေမိတယ်။ နောက်မှဘာကိစ္စအဲ့လိုမှတ်ရမှာလဲဟလို့ တွေးမိပြီး
ပြန်ဖျက်လိုက်သည်။ နောက်မှသူနဲ့အလိုက်ဖက်ဆုံး"ခွေးကောင်"ဆိုတဲ့နာမည်ကိုပဲကောက်တပ်ပစ်လိုက်သည်။ သူ့ခွေးမကြီးဖိန့်ဖိန့်တုန့်ကိုသိပ်ချစ်တဲ့ကောင်ဆိုတော့ ခွေးကောင်လို့ဆဲခံရလည်းနာနေမဲ့ကောင်မဟုတ်ဘူး။ အဲ့ဒါကျိန်းသေတယ် ။

အားလုံးပြီးသွားပြီဆိုမှပဲ ကုတင်ပေါ်အိပ်နေသည့်
ထည့်ကိုယ်ပေါ်က စောင်ကိုဆွဲလှပ်ပြီးနှိုးလိုက်သည်။

"ဟေ့ကောင်!... ထတော့...!! "

"ခန့်ထည်သော်....ထတော့ကွ...! အိပ်ချင်သေးရင်
ကိုယ့်အခန်းမှာကိုယ်ပြန်အိပ်"

"ဟင်....?အင်းး.... "

ခေါင်းထောင်ကာမော့ကြည့်လာပြီးမှပြန်ငြိမ်သွားတာကြောင့် ထည့်မျက်နှာနားသို့တိုးသွားရင်း နားရွက်နားကပ်ကာပြောလိုက်သည်။

"ထည်... မင်းမထသေးဘူးလား..."

ထည် ဆိုတဲ့အသုံးအနှုန်း သိပ်မသုံးဖူးတာကြောင့်
တစ်မျိူးတော့ ဖြစ်သွားသည်။ ထည်ကတော့မျက်လုံးတွေဖြတ်ခနဲပွင့်လာကာချက်ချင်း ငုပ်တုပ်ထိုင်ရင်း တိလက်ကောက်ဝတ်ကိုဖမ်းကိုင်၍တောင်းဆိုသလိုပြောလာသည်။

"ခင်ဗျားနောက်လည်း အခုလိုပဲခေါ်ရမယ်..."

"အဲ့ဒါကတော်တော်အရေးကြီးနေလား... ဘာဖြစ်ဖြစ်ထတော့ကွာ...ငါအောက်မှာစောင့်နေမယ်... "

"ဘယ်သွားစရာရှိလို့လဲ ခင်ဗျားက..."

သူပြောတော့ပြောဖို့ကိုတုန့်ဆိုင်းသွားတဲ့ပုံစံနဲ့ထည့်ကိုကြည့်လာပုံကလည်းတစ်ခုခုကိုပြောဖို့ရာခက်ခဲနေသလို။

မွေးစားညီလေး [COMPLETE]Where stories live. Discover now