အပိုင်း ၁၁

15.6K 884 27
                                    

Unicode

"သားထည်.. ရေချိုးတော့လေ.. ညနေစောင်းရင်ဖျားလိမ့်မယ်အခုတလောရာသီဥတုကအေးတယ် မိုးကအုံ့ကအုံ့နဲ့"

နောက်ကျောဘက်က မေမေ့အသံကြောင့် ထည် ပန်းပင်တွေကိုရေလောင်းနေတဲ့အလုပ်ကိုအမြန်လက်စသတ်လိုက်သည်။ ဒီနေ့ကပိတ်ရက်မို့ ထည်အိမ်အလုပ်ကိုမနက်ထဲကဒိုင်ခံလုပ်နေရသည်။ ဘယ်သူမှမခိုင်းပေမဲ့ ချက်ပြုတ်တာကအစ အိမ်အလုပ်နှင့်ပတ်သတ်ရင်ဖြစ်ဖြစ်၊ ဖေဖေ့လုပ်ငန်းကိစ္စတွေမှာ ဖြစ်ဖြစ်ထည်ကဝင်ကူညီလုပ်ကိုင်ပေးတက်သည်။

"ပြီးပြီ မေမေရဲ့.. ၅နာရီခွဲလောက်မှ ချိုးမလားလို့
အရင်လဲ ဒီအချိန်လောက်ချိုးနေကြမလို့"

"အရင်နဲ့အခုမတူဘူးလေ ထည်ရဲ့ ရာသီဥတု အကူးအပြောင်းဖျားတက်တယ်.. အင်းလေ ထည်က တိလိုမှသိပ်မချူချာတာ အဲ့ကောင်လေးဆို ရေချိူးကလဲပျင်းသေးတယ် ဟင်းဟင်းး... "

မေမေရယ်တော့ သူပါ မနေနိုင်စွာ ပြုံးမိသည်။
ပိတ်ရက်ဖေဖေမရှိရင် အပြင်ထွက်လည်တက်တာက
သူ့ထုံးစံပဲမို့ အခုလည်းဘယ်သောင်ကပ်နေလဲမသိ။

ကိုတိကငယ်ငယ်ထဲကရေကြောက်သည်။ သူမတက်ဆုံးအရာနှစ်ခုကို ပြောပြပါဆို ဂိမ်းဆော့တာနဲ့ ရေကူးတာ နှစ်မျိူးဖြစ်နိုင်တာ သေချာသည်။ အခြားလူတွေသိမှာ မဟုတ်ပေမဲ့ သူကတော့ တကယ်ကိုသိသည်။
ဂိမ်းဆော့ရတာကြိုက်ပေမဲ့ ဂိမ်းမဆော့တက်တဲ့လူမျိုး။

ဒါပြီးတော့ရေထဲကို ခြေထောက်ဆင်းချလိုက်ရတာမျိုးက သူ့ကိုအောက်ကနေ တစ်ယောက်ယောက်က ဆွဲချနေသလိုခံစားချက်မျိူးဟုလဲ ငယ်ငယ်ကမေမေတို့ကို ပြောဖူးသေးသည်။ ထိုကလေးတည်းက အကျင့်တွေက အသက်ကြီးတဲ့အထိပင်။

ထည် ဘာရယ်မဟုတ်ပဲ အပေါ်ထပ်ရှိ သတ္တိရဲ့အခန်းကို လှမ်းကြည့်မိသွားသည်။ အနည်းငယ်လှုပ်ခါရမ်းသွားတဲ့ ပြတင်းလိုက်ကာစအရှည်ကြီးကြောင့် သူပဲစိတ်ထင်တာ နေမှာဟုတွေးမိလိုက်သည်။ တကယ်ဆို ကိုမဟာသတ္တိကသူ့ကို ချောင်းကြည့်နေစရာ ဘာအကြောင်းမှ ရှိမနေပဲလေ။ ဒီလူက အိမ်မှာတောင်ရှိရဲ့လား ပိတ်ရက်ကို။

"F**k. . F**k. တော်သေးလို့ ငါ့ကိုတွေ့သွားတော့မလို့ ဒီကောင်ငါကြည့်နေတာများသိသွားတာလား"

မွေးစားညီလေး [COMPLETE]Where stories live. Discover now