အပိုင်း ၁၄

15.8K 881 61
                                    


Unicode

သတ္တိဖုန်းဝယ်ဖို့မြို့ထဲထွက်လာရင်း Shopping Center  ထဲဝင်လာလိုက်သည်။ ဖုန်းဆိုင်ရဲ့အရှေ့ဘက်မျက်နှာချင်းဆိုင်က fancyဆိုင်ထဲသူရုတ်တရတ်ပဲ ဟေသီကိုတွေ့လိုက်ရတာကြောင့် အပြေးသွားမိလိုက်သည်။ တကယ်ဆို အဲ့နေ့ကပြဿနာအတွက် အဆင်ပြေလားတောင်သူမမေး
ရသေးဘူးမလား။ အကြံပေးမိသည်က ကိုယ်ပဲမို့ ဖြစ်သွားတဲ့ ကိစ္စကဘာပဲဖြစ်နေနေ သူ့အပြစ်မကင်း။

သူ့ဆီတည့်တည့်လျှောက်လာပုံအရ တစ်ဖက်ကလည်း တိကိုမြင်သွားတာတူသည်။

"မတွေ့ရတာ ဘယ်နှစ်ရက်မှတောင်မကြာသေးဘူးနော် ကိုတိကို အခုလိုတွေ့လိုက်ရတော့... အဟွန့်!"

ဟေသီရဲ့စကားအသွားအလာက သိပ်တော့ကျေနပ်ချင်ပုံမရ။ တိကပဲမျက်နှာချိုသွေးကာ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရွှင်မြူးကာပြောလိုက်သည်။

"ကိုယ်ကဖုန်းလာဝယ်တာလေ.. ဟေသီကိုယ်မေးချင်နေတာ အဲ့နေ့က မင်းဘာဖြစ်သွားသေးလဲ.. "

သူမေးလိုက်တော့ ဟေသီကမျက်နှာအနည်းငယ်ပျက်သွားပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်နိုင်သည်။ ကြည့်ရတာကိုတိက တကယ်သိပုံမရသေးတာထင်သည်။ ဒါဆိုလဲသူလဲမသိစေချင်မိတော့..။ ဘာကြောင့်ဆို သူတကယ်သဘောကျမိတဲ့အချစ်က သူ့ရည်းစားဟောင်းကြောင့် ဆုံးရှုံးလိုက်ရသည်လေ။ အနိုင်ရဖို့အသာထားဦး အတူယှဥ်ပြိုင်ခွင့်တောင်မရှိဘူး။ ခန့်ထည်သော်ရဲ့ဖြစ်တည်မှုက မဟာသတ္တိ ဆိုသောထိုလူတစ်ယောက်တည်းအတွက်သာဖြစ်ကြောင်း။ဖြစ်နိုင်ရင်းသူတို့နှစ်ယောက်
ရဲ့ဝေးဝေးမှာနေတာက ထည့်အတွက်ပိုပြီးကူညီပေးရာရောက်ကြောင်းက စကားထဲထည့်ပြောနေစရာကိုမလို။ဒါပေမဲ့ဘယ်လိုလုပ်မလဲ သူကတော့ မကူညီချင်ဘူး။ နှောက်ယှက်သလိုစိတ်လဲမဖြစ်မိပေမဲ့ အဆင်ပြေသွားမှာလဲမလိုချင်ပြန်ဘူး။

ဒါကြောင့် ....

"ဟင့်အင်း... ဘာမှမဖြစ်ခဲ့ပါဘူး..ဒီတိုင်းအငြင်းခံလိုက်ရရုံပါ"

"ဟမ်... သေချာလို့လား  "

ခန့်ထည်သော်က မဟေသီလိုအချောအလှလေးကိုတောင်ငြင်းခဲ့သည်တဲ့လား.. ။ ငြင်းဆိုထိုကောင်လေးကယောကျာ်းလေးတွေကိုပဲ ကြိုက်တာကိုး။

မွေးစားညီလေး [COMPLETE]Where stories live. Discover now