အပိုင်း ၂၀

16K 788 20
                                    

Unicode

ဒီနေ့ကျရောက်တဲ့မေမေ့ရဲ့၅၂နှစ်ပြည့်မွေးနေ့လေးအတွက်အိမ်မှာအလုပ်ရှုပ်နေကြသည်။ မနက်ပိုင်းဆွမ်းကပ်ပြီးလို့ဧည့်သည်တွေကိုကျွေးမွေးဧည့်ခံပြီးတာနဲ့ ညနေဘုရားလေးသွားဖို့ကိုစီစဥ်ထားတာဖြစ်သည်။ ဧည့်သည်ဆိုပေမဲ့လဲ
မေမေတို့လူကြီးပိုင်း အသိအနည်းအကျဥ်းလောက်နဲ့သာပြီးသွားခြင်းမျိုး။

ဘုရားဆိုသည်ထက် မေမေတို့ကိုးကွယ်ဖြစ်နေတဲ့ အခုမှစဆောက်ခါစ ရွာဘုန်းကြီးကျောင်းလေးဖြစ်သည်။လှူဒါန်းမည့်သူလဲနည်းပါးသေးတော့ မေမေနဲ့ဖေဖေကသာဘုန်းကြီးကျောင်းလေးအတွက် မတည်အလှူရှင်တွေဖြစ်နေကြ၏။

သတ္တိကတော့ မလိုက်ဖို့ပြောထားပေမဲ့ ဖေဖေ့ရဲ့ပွစိပွစိဆူနေသံကြောင့် နောက်ဆုံးတော့လိုက်ရမည့်အခြေအနေသို့သာဦးတည်သွားရ၏။

"ဘုရားရိပ်၊ တရားရိပ်နဲ့က ဓာတ်မတည့်တာလား
ကားပြိုင်မောင်းဖို့ဆိုရင်တော့ တက်ကြွနေလိုက်တာ..."

"ဟေ့ကောင်.. တိုးတိုးပြော! "

သတ္တိကပြောရင်း အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက်ဖြင့်ရှိနေသည်။ မကြည့်လို့မရ သူ့အသံအကျယ်ကြီးနဲ့ဖေဖေသိသွားရင်သေမှာ။ အခုထိဖေဖေနဲ့မေမေက အိမ်ထဲကထွက်မလာသေးတာပဲတော်သေးသည်။

"ငါ့ကိုရန်လာမစနဲ့ ခန့်ထည်သော်
မင်းဘာသာအေးဆေးနေ... "

"မနေနိုင်ပါဘူး..ကျွန်တော်ပြောတာအမှန်တွေပဲဟာ ..."

"မင်း....! တော်ပြီ။ ကုသိုလ်ယူမဲ့နေ့မှာမင်းနဲ့စကားများပြီး အကုသိုလ်မပွားချင်ဘူး။"

ဒီကောင်အခုတလောသူအလျှော့ပေးထားလို့ အရမ်းလွန်လာပြီမလား။

ဝတ်နေကြ ရှုပ်ယှက်ခက်နေတဲ့ပုံစံမျိူးမဟုတ်ဘဲ
ပြောင်ရှင်းရှင်းမျက်နှာလေးက ဆီလိမ်းပြီးသေချာ
ဖီးသင်ထားတဲ့ဆံပင်နဲ့လိုက်ဖက်စွာ။ စတစ်ကော်လံ
ရှပ်လက်တို နက်ပြာရောင်လေးကို ကွက်စိပ်ပုဆိုးလေးဖြင့် ကတ္တီပါဖိနပ်လေးစီးထားသည်က တကယ်ကိုလူ့ယဥ်ကျေးလေးလို။ ရုပ်တည်ကြီးနဲ့ကိုယ်ကလည်းဒေါသအထွက်လွယ်တဲ့သူ့ကိုဆို တစ်မျိုးမဟုတ်တစ်မျိုးစချင်တာကလဲ အခက်။ ထည်ပြောလိုက်တဲ့စကားကို စိတ်တိုပြီးဆူပုပ်ကာ ထွက်သွားသူကြောင့် လူက ကျေနပ်တဲ့မျက်နှာနဲ့ရယ်မိလိုက်သည်။ ဒါကိုထွက်သွားသူကတော့သတိမထားမိခဲ့။

မွေးစားညီလေး [COMPLETE]Where stories live. Discover now