အပိုင်း ၂၂

13.4K 759 14
                                    

Unicode

အရင်တွေ့နေကြ နေရာကိုပဲလာခဲ့ကိုကိုဆိုတာနဲ့
သတ္တိမှာစာကျက်ရမဲ့အချိန်ထဲကဖဲ့ပြီး မယ်မင်းကြီးမ
ချိန်းတဲ့နေရာသို့သွားရသည်။ ညနေခင်းဆိုတော့
ပုံမှန်တွေ့နေကြဆိုင်နေရာက လူရှင်းပြီးထုံးစံအတိုင်းတိတ်ဆိတ်နေသည်။ သူ့ရည်းစားကို လူရှေ့ခေါ်ပြပြီးကြွားလုံးထုတ်ဖို့အရေး နေ့တွေညတွေတောင်မစောင့်နိုင်အောင်ပဲ ဒေါ်မီမီသက်ကျော်တို့က တက်ကြွနေတာ။

တကယ်တမ်း ချိန်းတဲ့ဆီကိုယ်ကအရင်ရောက်သွားရပြီးသူကဖြင့်အရိပ်ပင်မမြင်ရ။

Sharkဘူးတစ်ဗူးကိုကောက်မှာလိုက်ကာ ဖန်ခွက်ထဲ
ထည့်လိုက်ရင်း ခဏတော့သူထိုင်စောင့်နေလိုက်ရင်း
ဘာမျှတောင်မကြာလိုက်ချိန်....

"ဝုန်း!!!"

"ခွမ်း..!"

အသံအကျယ်ကြီးထွက်လာတဲ့အသံကြောင့် တိနေရာက အလိုအလျောက်ထရပ်လိုက်မိသည်။တဆက်တည်း အရှိန်ကပြင်းသွားတာကြောင့် တိသောက်နေတဲ့ အအေးခွက်လေးလည်းစားပွဲပေါ်ကနေ ပြုတ်ကျသွားတာက သုံးခြမ်းကွဲကုန်သည်။ဘယ်ကောင်ကကမြင်းပြီးလူရှိတဲ့စားပွဲကိုမှလာကန်ရတာလဲ...? ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာပြော
နေစရာကိုမလို!

"မင်းမလား မဟာသတ္တိ?မီကျော်နဲ့လက်ရှိတွဲနေတယ်
ဆိုတာ မင်းပဲမလား..."

သူကြည့်လိုက်မိတော့ ဟိုတခါကမီမီသက်ကျော်နဲ့
ပြဿနာဖြစ်တဲ့ငတိ။

"အဲ့တော့ မင်းကဘာဖြစ်ချင်လဲ..."

သူ့ဘက်ကလူပါတာမို့ တိနည်းနည်းတော့လန့်နေသည်။ အရပ်အမောင်းချင်းသိပ်မကွာကြဘုးဆိုပေမဲ့ မဟာသတ္တိတို့က နာမည်နဲ့မလိုက်အောင်ကြောက်တက်သေးတယ်။ ပျော်ပျော်နေတက်တာကလွဲရင် တိတို့ကရန်ဖြစ်ဖူးခြင်းမျိုး ကျောင်းတုန်းတည်းကရှိသည်မဟုတ်။ ထည့်ကိုလက်သီးသုံးမိတာတောင် သူအရှက်ရဒေါသထွက်လွန်းတုန်းက တစ်ကြိမ်သာကျူးလွန်မိခဲ့ခြင်းမျိုး။

"အခုချက်ချင်းဖြတ်လိုက်! မင်းတို့လိုကောင်တွေနဲ့
မပတ်သတ်ခင်ထဲကမီကျော့်ကို ငါအရင်တွေ့ခဲ့တာ"

မွေးစားညီလေး [COMPLETE]Where stories live. Discover now