အပိုင်း ၃၅

19.8K 665 64
                                    

Unicode

ခန့်ထည်သော်တစ်ယောက်သူငယ်ချင်းအရင်းကြီးရဲ့မင်္ဂလာဆောင်ကိုတောင်လျစ်လျူရှုဖို့ကြိုးစားနေသည်။ ထိုပွဲကို မဟာသတ္တိပါလာမယ်ဆိုတာသိထားပြီးတည်းက သွားချင်စိတ်တွေပြင်းပြနေပေမဲ့
တကယ်တမ်းရင်ဆိုင်ဖို့ကိုကြောက်သည်။
အဓိကကတော့ ကိုတိမှာသူ့အတွက်တိကျတဲ့အဖြေမရှိမှာစိုးတာရယ်၊ထိုညကအဖြစ်အပျက်ကိုရှက်နေသေးတာရယ်ကြောင့်သာ။ မင်္ဂလာပွဲပြီးခါနီးမှသွားဖို့ဆုံးဖြတ်ထားတာမို့ခရမ်းနုရောင်ရှပ်အင်္ကျီကို ခရမ်းရောင်ကွက်စိပ်ပုဆိုးဖြင့် ထုတ်ပြီးဝတ်လိုက်သည်။ ရှပ်အင်္ကျီလက်ကိုခေါက်လိုက်ရင်း ကတ်တိီပါဖိနပျပါးကိုစီးကာတိုကျခနျးကထှကျလာလိုကျသညျ။ တိုးတက်နေတဲ့ခေတ်စနစ်အရ မင်္ဂလာလက်ဖွဲ့ကြီးကြီးမားမားတွေမလိုတော့။သူငယ်ချင်းဖြစ်သူအတွက် လက်ဖွဲ့ငွေကိုATMကဒ်ကနေဖြတ်ပြီး လွှဲပေးလိုက်ရုံသာ။

မင်္ဂလာခန်းမရှိရာဆီသွားနေတဲ့ကားတွေအလျှိုလျှိုဟိုတယ်ထဲသို့ဦးတည်ဝင်လာနေကြသည်။

"ဟင်...!"

ဘာကြောင့်ရယ်မသိ။ ကိုတိရဲ့ကားဝင်လာသည်ကိုမြင်တော့ သူအလိုအလျောက်ခေါင်းငုံ့လိုက်မိသည်။
အဝါဖျော့ရောင်ရှပ်ကိုကိုတိလည်း သူ့လိုပဲလက်ခေါက်တင်ပြီးဝတ်ထားသည်။ ဘေးနားကမကိုင်မချင်းခေါ်နေတဲ့ဖုန်းကို ထည်မကိုင်အားသေး။
ကိုတိအထဲသို့ဝင်သွားသည်အထိသူကားစတီယာရင်ကိုကိုင်ကာခေါင်းငုံ့ပြီးခိုးကြည့်နေမိသည်။
ဘာကိစ္စနဲ့ခိုးကြောင်ခိုးဝှက်လုပ်နေမိမှန်းတော့သူ့ကိုသူနားမလည်။ တကယ်သာတွေးကြည့်ရင်
ထည်ကအပစ်လုပ်ထားတာမရှိဘဲ ရှောင်ပြေးနေသလိုဖြစ်နေသည်။

"အေး နေထက် ငါရောက်နေပါပြီ..."

နေထက်ကသူမလာမှာစိုးတာကြောင့် အိမ်ကစထွက်တည်းကဖုန်းတဂွမ်ဂွမ်ဆက်နေခဲ့ခြင်း။

"မင်းရဲ့မင်္ဂလာဆောင်ပဲကွာ ငါမလာဘဲနေပါ့မလား
ဒါပဲ ဟေ့ကောင်။ ငါအခုခန်းမထဲဝင်လာတော့မှာ။"

ကားကိုပါကင်ထိုးလိုက်ရင်း ထည်မင်္ဂလာခန်းမထဲသို့ဝင်လာလိုက်သည်။ဘယ်သူမှသိပ်ပြီးသတိမထားမိအောင် ထောင့်စွန်းကျတဲ့နေရာမှာဝင်ထိုင်လိုက်သည်။ သတို့သားနဲ့သတို့သမီးက မြန်မာဆန်ဆန်အဖြူဝမ်းဆက်ကိုပဲလိုက်ဖက်စွာဝတ်ထားကြသည်။
သူအခုထိ မဟာသတ္တိရှိတဲ့နေရာကိုမတွေ့မိသေး။

မွေးစားညီလေး [COMPLETE]Where stories live. Discover now