အပိုင်း ၁၀

18.4K 933 53
                                    

Unicode

သတ္တိ ကုတင်ပေါ်ကနေအောက်သို့ဆင်းလိုက်သည်။
ခြေထောက်ကဒဏ်ရာကို မေ့သွားတာကြောင့် ဟန်ချက်မညီလဲကျတော့မဲ့အချိန်မှာပဲ ထည်က သူ့ခါးကိုပွေ့ကာကူထိန်းပေးလိုက်သည်။

ထည့်တစ်ကိုယ်လုံးပူရှိန်းသွားရကာ အဆက်မပြတ်
ရင်တုန်နေတာကို တစ်ဖက်လူသိသွားမှာ စိုးရိမ်နေ
မိသည်။ရသလောက်အချိန်စက္ကန့်လေးဆွဲရင်း ခါးကို
ကိုင်ထိန်းထားတဲ့လက်တို့ကို အားအနည်းငယ်ထည့်
ရင်းပြန်လွှတ်ပေးလိုက်သည်။

သတ္တိကတော့သိချင်စိတ်ပြင်းပြတဲ့ မျက်ဝန်းတွေဖြင့်
ထည့်ကိုကြည့်ရင်း...

"မင်း.. မင်းတကယ်ကြီး ဖေဖေ့ကို မပြောရသေးဘူးပေါ့"

သတ္တိရဲ့ဝမ်းသာနေတဲ့မျက်လုံးတွေကြောင့် ထည်က
ချောင်းတစ်ချက်ဟန့်ရင်း မျက်နှာကိုတည်တင်းကာ
ပြောလိုက်သည်။

"သိပ်လဲဝမ်းသာမနေနဲ့ဦး... အခုမပြောဘူးဆိုပေမဲ့
ခင်ဗျားပုံစံကိုလဲကြည့်ရဦးမယ်.. စာမေးပွဲလဲနီးနေပြီနော်သိပ်ပြီး လမ်းမများတော့နဲ့"

"သြော်... ဖြစ်ရသေး
မင်းကများ ဘယ်သူ့ကို ဆရာလာပြန်လုပ်နေတာလဲ"

သူ့ကိုလာပြီးဆုံးမနေပုံက ဘယ်သူကအကြီးမှန်းတောင် မသဲကွဲတော့ဘူး။ ရတယ်လေ ခုနေ သူမယူနိုင်သေးပေမဲ့နောက်ကျအဲ့ဟာကို ဖျက်ဆီးပစ်မယ်လို့တွေးထားပြီးသားပဲဟာ။

"ဆရာလုပ်နေတာမဟုတ်ဘူး သတိပေးနေတာ"

သတ္တိက မျက်နှာကို မဲ့ရွဲ့ပြကာနေရာကနေလှည့်ထွက်ရင်း ပြောလိုက်သည်။

"မင်းသွားတော့.. ငါ့အခန်းထဲကနေ.. ဒီနေ့အတန်းမတက်တော့ဘူး.. အဲ့တော့ မင်းဘာသာလွတ်လွတ်လပ်လပ် တစ်ယေါက်တည်းသွားနိုင်တယ်"

တကယ်တော့ ထည်လည်းအတန်းသွားတက်ဖို့အစီအစဉ်မရှိပါ။အခုပဲနေ့လည်၁၀နာရီတောင်ရှိနေပြီသူကဘာကြောင့် သွားတက်နေရဦးမှာလဲ။ အတန်းမတက်ဘူးဆိုတဲ့အကြောင်း သတ္တိကို ပြောဖို့ကြိုးစားနေတုန်းမှာပဲ တံခါးခေါက်သံက ကွက်တိပင်ဝင်လာသည်။

"တိငယ်... ကြီးကြီးနွယ်ပါ..အောက်ထပ်မှာ သားရဲ့သူငယ်ချင်းရောက်နေတယ်.. ဆင်းတွေ့လိုက်ပါဦး''

မွေးစားညီလေး [COMPLETE]Where stories live. Discover now