ဖောက်​! ​ဖောက်​!​ ဖောက်​!

လွဲ​ချော်​သွား​သောကျည်​ဆံသံများကို
ကြားလိုက်​ရသည်​။ကျည်​ဆံဖြတ်​သွား​သော
လေထုအဟုန်​ကိုပင်​ ရှီကျင်းခံစားလိုက်​ရသည်​။
သူ၏အာရုံ​ကြောများကို အတတ်​နိုင်​ဆုံး
ဆွဲဆန့်​ထားရသည်​။ လမ်းကြားဝင်​ပေါက်​ဆီသို့
ရောက်​သောအခါ​မြေကြီး​ပေါ်ပစ်​လှဲပြီး
အမှိုက်​ပုံးအ​နောက်​သို့ လုံလုံခြုံခြုံ
လိမ့်​ဝင်​လိုက်​သည်​။

ဖောက်​! ​ဖောက်​! ​ဖောက်!

ကျည်​ဆံများသည်​နံရံကိုထိမှန်​ကာ
သတ္တုမျက်​နှာပြင်​ဆီသို့ ရိုက်​ခတ်​သွားသည်​။
ထို့​နောက်​ဖြည်းဖြည်းချင်း အသံတိတ်​သွားကာ
ရှီကျင်း၏အကြားအာရုံမှာလည်း
သံသယဖြစ်​စရာအသံများ မကြားရ​တော့​ပေ။

ရှီကျင်း​သည်​နံရံကိုမှီလိုက်​သည်​။
ကြမ်းတမ်းမာ​ကြော​သောသတ္တုပုံးကြီးက
လမ်းကြား​ပေါက်​တွင်​ပိတ်​ဆို့​နေသဖြင့်
မမြင်​ရ​သောထွက်​ပေါက်​က မည်​သည့်​နေရာ​ကို
ဦးတည်​နေမလဲ သူမသိ​ချေ။
သူ့ပုခုံးမှဒဏ်​ရာသည်​ပို၍ပင်​နာကျင်​လာကာ
သွေးထွက်​လွန်​နေသည်​မှာလည်း သိသာသည်​။
ယာယီလုံခြုံသွားပြီဆိုတာ​သေချာမှ
အသက်​ဝဝရှူကာ ကိုယ့်​ကိုယ်​ကိုယ်
တည်​ငြိမ်​​အောင်​လုပ်​လိုက်​သည်​။
ထို့​နောက်​ကိုယ်​ကို မတ်​မတ်​ထိုင်​ကာ
ဝက်​ဝံရုပ်​ဝတ်​စုံကို ချွတ်​လိုက်​သည်​။
လမ်းကြားအဝင်​ဝကို မျက်​ခြေမပြတ်
စောင့်​ကြည့်​ရင်း အေ​ပ်ါထပ်​အင်္ကျီကို ဆွဲချကာ 
သွေးထွက်ေ​နှး​စေရန်​ ဒဏ်​ရာကို
စည်း​နှောင်​လိုက်​သည်​။ပြီး​နောက်
ဝက်ဝံ​ဝတ်​စုံကို ​ထောင့်​တွင်​ထိုးဖွက်​ပြီး
အဝတ်​အစားများကို​သေ​သေသပ်​သပ်ဖြစ်​အောင်
လုပ်​ကာ နံရံကိုအားပြုရင်း လမ်းကြား၏တစ်​ဖက်​သို့
လျှောက်​သွားလိုက်​သည်​။
 

<အဆင်​ပြေရဲ့လား ကျင်းကျင်း ? >
ရှီကျင်းထိခိုက်​သည်​ကို ပထမဆုံးအကြိမ်
မြင်​ရ​သောအခါ​ရှောင်​စစ်​၏အသံမှာ
တုန်​ယင်​နေသည်​။

"အဆင်​ပြေတယ်​"

ရှီကျင်းသည်​အသက်​ရှူနှုန်းကိုထိန်းရင်း
ဖြေလိုက်​သည်​။သူသည်​ပတ်​ပတ်​လည်​ကို
မျက်​စိရှင်​ရှင်​ထားရင်း​ပြောသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now