"​မေ့သွားတယ်​ ?
ဒါက မင်းရဲ့ရှင်းပြချက်​လား?"

လျန်​ကျွင်း၏​ဒေါသကို ​ရှီကျင်း​ခေါင်းညိတ်​ပြီး
ရင်​ဆိုင်​သည်​။

လျန်​ကျွင်းသည်​ ဝှီးချဲကို​ရွေ့ကာ ထွက်​သွားဖို့
ပြင်​လိုက်​​သော်​လည်း ရုတ်​တရက်​ရပ်​တန့်​ကာ
ရှီကျင်းကိုကြည့်​ပြီး ​ပြောလိုက်​သည်​။

"မင်း ရှီ​ဝေချုံးနဲ့​တွေ့ချင်​တဲ့​နေ့တုန်းက
မိသားစုကိစ္စ​ပြောမလို့ဆိုပြီး ငါ့ကို
ပြောခဲ့တယ်​။အဲ့'မိသားစုကိစ္စ'ဆိုတာ
Werewolfရဲ့ပြန်​​ပေးဆွဲပစ်​မှတ်​စာရင်းထဲ
မင်းပါ​နေတယ်​ဆိုတဲ့ သံသယလား ?

တစ်​ဖက်​လူ၏မျက်​နှာမှာ ​ဒေါသ​ကြောင့်
ဖြူစွတ်​​နေသည်​ကို ရှီကျင်းမြင်​​လေရာ
ကြောက်​ဖို့​ကောင်းလှသည်​ဟု ခံစားမိသဖြင့်
ဝှီးချဲလက်​တန်းကိုကိုင်​ကာ မဝံ့မရဲ 
ခေါင်းညိတ်​ပြသည်​။

"ဟုတ်​"

"မိသားစုကိစ္စ ? ! ရှီကျင်း. . .မင်းပြန်​ပြီး
သေ​သေချာချာ စဉ်းစားလိုက်​ဦး ။
မင်းနားလည်​ပြီဆိုမှ ငါ့ကိုလာ​တွေ့ "

လျန်​ကျွင်းသည်​ ရှီကျင်း၏လက်​ကို
ဖယ်​ထုတ်​ကာ လှည့်​ပင်​မကြည့်​ဘဲ
ထွက်​သွားလိုက်​သည်​။

ဘန်း !
စာကြည့်​ခန်းတံခါးကြီးမှာ ကျယ်​​လောင်​စွာ
ပိတ်​ဆို့သွား​လေသည်​။

ရှားရှားပါးပါး​တွေ့ရှိရ​သောလျန်​ကျွင်း၏
စိတ်​​အခြေအ​နေ​ကြောင့်​ ထိတ်​လန့်​သွားကာ
ရှီကျင်းသည်​ တံခါးကြီးကိုသာ 
ကြောင်​​ကြောင်​ကြီးကြည့်​​နေမိသည်​။

စက္ကန့်​အနည်းငယ်​အကြာမှ Gua Erသည်
အတွင်းသို့ တိုးတိုးတိတ်​တိတ်​ဝင်​လာကာ
အသံနှိမ့်​​မေးသည်​။

"ကျွင်း​ရှောက်​ကို အဲ့​လောက်​စိတ်​ဆိုး​အောင်
မင်းဘယ်​လိုလုပ်​လိုက်​တာလဲ ? သူအခု
မြေ​အောက်​ထပ်​ကို တန်းသွားပြီ "

ရှီကျင်းမှာလည်း စိတ်​ရှုပ်​နေမိသည်​။
အဘယ်​​ကြောင့်​​ဒီကိစ္စက လျန်​ကျွင်းကို
အဲ့​လောက်​စိတ်​ဆိုး​စေမှန်း သူနားမလည်​​ပေ။
သူသည်​ ​ခေါင်းခါကာ ဆိုသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Wo Geschichten leben. Entdecke jetzt