အိပ်​ယာထဲ ရက်​အ​တော်​ကြာ အနားယူပြီး​နောက်
မနက်​နိုးထလာ​သောအခါ 
ခေါင်းကိုက်​​ဝေဒနာနှင့်​မူး​ဝေခြင်းမှာ
သိသိသာသာသက်​သာသွားပြီဖြစ်​​ကြောင်း
ခံစားမိလိုက်​သည်​။အချက်​အလက်​များ
လက်​ခံရာမှရရှိ​သောအကျိုးဆက်​များ
ပြီးဆုံး​တော့မည်​ဖြစ်​သဖြင့် အိ​ပ်​ယာထဲမှခုန်​ထွက်​ကာ
ကိုယ်​လက်​သန့်​စင်​လိုက်​သည်​။သူ့အား
ရစ်​ပတ်​ထား​သောအဝတ်​အထပ်​ထပ်​ကို
ဖြည်​ချကာယိုင်​တိုင်​တိုင်​​ခြေ​ထောက်​များဖြင့်
လျန်​ကျွင်း၏စာကြည့်​ခန်းဆီသို့
ဦးတည်​လိုက်​သည်​။

ရှီကျင်းဖျားနာ​နေစဉ်​အတွင်း လျန်​ကျွင်းသည်
နေ့တိုင်းလာကြည့်​ရှု​သော်​လည်း ရှီကျင်းမှာ
အမြဲတ​စေအိပ်​​ပျော်​​နေသဖြင့်​ သူ့အားမမြင်​မိ​ပေ။ 
ရှောင်​စစ်​ပြန်​​ပြောပြမှသာ သူသိ​လေရာ
နိုးထလာတိုင်း စိတ်​ရှုပ်​​ထွေးမိသည်​။

ယခုဆို ရှီကျင်းသည်​ ​နေထိုင်​​ကောင်းခါစ
ဖြစ်​​နေပြီဖြစ်​သဖြင့်​ လျန်​ကျွင်းနားကပ်​ကာ
စိတ်​ဆိုး​နေ​သေးသလား စစ်​​ဆေးရန်
ကြံစည်​​လေသည်​။
ထို့​နောက်​ ရွှီချွမ်​အ​ကြောင်း မျက်​နှာချင်းဆိုင်
စကား​ပြောဖို့လိုအပ်​​သဖြင့်​ ရှီ​ဝေချုံးနှင့်
သွား​တွေ့ရန်​ အပြင်​ထွက်​ခွင့်​​တောင်းကြည့်​မည်​။

စာကြည့်​ခန်းသို့​ရောက်​​သောအခါ
လျန်​ကျွင်းသည်​ Gua Yiနှင့်​အခြားသူများကို
စကား​ပြော​နေ​ကြောင်း ​တွေ့လိုက်​ရသည်​။
အခန်းအတွင်းရှိ​လေထုမှာ တနည်းနည်းဖြင့်
လေးလံ​နေ​လေရာ ​ဆွေး​နွေး​နေသည့်
အ​ကြောင်းအရာမှာ စိတ်​ချမ်းသာစရာ
မဟုတ်​နိုင်​​ပေ။

ထိုအ​ခြေအ​နေအား မြင်​​သောအခါ
ရှီကျင်းလည်း လိမ္မာပါးနပ်​စွာ
အ​နှောင့်​အယှက်​မ​ပေးဖို့ ဆုံးဖြတ်​လိုက်​ပြီး
တံခါးဖွင့်​​ပေး​သောGua Erကိုနှုတ်​​ဆက်​ကာ
အခန်းသို့သာပြန်​ဖို့ ပြင်​လိုက်​သည်​။

သို့​သော်​ငြား ရှီကျင်းကို သတိပြုမိပြီး​သော
လျန်​ကျွင်းသည်​ Gua Yiအား ခဏရပ်​ဖို့
အချက်​ပြပြီး လှမ်း​ခေါ်လိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now