"hyung နား​ထောင်ချင်လို့ တစ်ပုဒ်​လောက်တီးပြပါလား..."

"ဘာ သီချင်းနား​ထောင်မလဲ..."

"က​လေးငယ် ကြိုက်တာ တီး​လေ... hyungက သီချင်း​တွေ သိပ်မသိဘူး..."

"ဒါဆို ကျွန်​တော် ခုတ​လော နား​ထောင်ဖြစ်​နေတဲ့ သီချင်းတီးမယ် ရမလား..."

"ရတယ်​..."

က​လေးငယ်က သီချင်းကို စ,​တော့မည့်ဟန် ဂီတာကို ပြင်​နေတာ​ကြောင့် Krisလည်း ​ဘေးနားမှာ ငြိမ်​နေ​ပေးလိုက်သည်....

အစပျိုးလိုက်​​သော သံစဥ်နဲ့အတူ က​လေးငယ်ထံမှ သီချင်းသံက စတင်ထွက်လာ​တော့သည်....

🎶 မမြင်နိုင်​အောင် လျှို့ဝှက်ထားတယ်
အကြင်နာမျက်ဝန်း​တွေ....

ငါ့အချစ်​တွေ မင်း​လေးမသိ​အောင်
ဟန်​ဆောင်လိမ်ညာရင်း....

မဆုံနိုင်​အောင် ကြိုးစားရင်း
ငါ နာကျင်​နေပါပြီ....

ဘယ်သူမှမသိနိုင်တဲ့ ငါ့အချစ်​တွေ
မင်းလည်း မသိဖို့​လေ... 🎶

တည်ငြိမ်စွာ​ ဆို​နေ​သော က​လေးငယ်ဘက်သို့ Kris ​ကိုယ်ကိုလှည့်ကာ​စောင်းထိုင်ပြီး က​လေးငယ်ကို ​​ငေး​နေမိသည်...

ဘယ်ကိုမှမကြည့်ပဲ ဂီတာထံမှာသာ အကြည့်တို့ကို ပို့ထားပြီး သီဆို​နေ​သော က​လေးငယ်က ဂီတနှင့်ပတ်သက်လျှင်လည်း ကျွမ်းကျင်မှုရှိလှသည်...

တူရိယာအ​တော်များများကိုလည်း ပိုင်နိုင်စွာတီးခတ်နိုင်သည်...

Kris ​ငေး​နေချိန်မှာ က​လေးငယ်က​တော့ သီချင်းကို ဆို​နေဆဲပဲဖြစ်သည်....

🎶 မမြင်ကွယ်ရာ ငါ့ရဲ့အချစ်​တွေ
ရင်မှာသိုဝှက်ရင်း...

အတူဆုံချိန် အိပ်မက်ထဲမှာ
အကြင်နာကိုရင်ဖွင့်...

အ​မှောင်မှာရှောင်ပုန်းခဲ့ရတာ
နာကျင်​နေပါပြီ....

ဟန်​ဆောင်မျိုသိပ်ထားတဲ့အချစ်​တွေ
မင်းမသိနဲ့​တော့​လေ.... 🎶

🎵 တကယ်ဆို မင်းနဲ့တို့ဟာ
ဘယ်လိုမှဆုံစည်းဖို့မဖြစ်နိုင်ခဲ့...

အကြင်နာရှိနှင့်ထားသူ
မင်းနဲ့​ဝေးရာရှောင်ဖယ်​နေပါမယ်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now