သူ့ကုမ္ပဏီကartistsတွေနာမည်ဆိုးထွက်လျှင် ကုမ္ပဏီတွက်ကောင်းတာတစ်ခုမှမရှိ။ မတော်Jimin နဲ့Min Sugaအကြောင်းသာမီဒီယာတွေထံ ပေါက်ကြားသွားရင်မလွယ်။ ကုမ္ပဏီကအရင်ထိခိုက်မှာ။

သူတို့ကုမ္ပဏီအတွက် Jiminကြောင့်ရနေသည့်အကျိုးအမြတ်တွေကလည်းမနည်းလှ။ထို့သို့သောကုမ္ပဏီတွက်အကျိုးအမြတ်ရှိသည့်အနုပညာရှင်ကိုလက်မလွှတ်ဖို့နှင့် နာမည်ပျက်မထွက်အောင်ကာကွယ်ဖို့ကကုမ္ပဏီတာဝန်မဟုတ်ပါလား။

ဒါကိုJiminကလက်မခံနိုင်ခြင်းပင်။ ထို့ကြောင့်လွတ်လွတ်လပ်လပ်Datingလုပ်ဖို့အတွက်ကုမ္ပဏီနှင့်ပါလက်တွဲဖြုတ်ဖို့ဆုံးဖြတ်ချက်ကခိုင်မာနေပုံပေါ်သည်။

အခုလည်းJiminပြီးတော့ Kim Taehyungလာပေအုံးမည်။ နာမည်ကြီးအရှိန်နဲ့အောင်မြင်စ အနုပညာရှင်တစ်ယောက်။ အောင်မြင်လာသည်ကလည်းBL seriesနှငိ့ဆိုတော့ သူတော်တော်ထိန်းချုပ်ထားမှရမည်။ ကုမ္ပဏီအတွက် အောင်မြင်ကျော်ကြားနေသည့် artistတစ်ယောက်ကိုလွယ်လွယ်နဲ့scandleမထွက်အောင်လုပ်ရမှာ သူ့တာဝန်ပင်။

သူ့ကိုဘယ်လိုပင်ကောင်းသည်ဆိုးသည် ဝေဖန်ကြပါစေ ကုမ္ပဏီအကျိုးအမြတ်ရမည့်ကိစ္စအတွက်ကလွဲလို့ သူဘာမှဂရုစိုက်မည်မဟုတ်။

-
-
-
-
-
-

"Taehyung ah ... Taehyung... Taehyungie!"

ကားရှေ့ခန်းကနေ Hoseokလှမ်းခေါ်နေတာတော်တော်ကြာနေပြီ။ အာရုံလွင့်နေသည့်Taehyungဟာ ဇာတ်ညွန်းစာရွက်ကြီကိုင်ပြီး စိတ်နှင့်လူနှင့်မကပ်။ သူအော်လိုက်တော့မှပဲ သတိဝင်တော့သည်။

"ဟင် ... Nae Hoseok hyungဘာပြောလိုက်တာလဲဟင်?"

"ဟော ဘာတွေအာရုံလွင့်နေတာတုန်း? ဟိုတစ်နေ့ကCEOနဲ့သွားတွေ့တာအဆင်ပြေခဲ့လား?ဘာပြောသေးလဲလို့?"

"အဟီး ဘာမှထွေထွေးထူးထူးမဟုတ်ပါဘူးHyung Seriesအသစ်ရိုက်ဖို့နဲ့ကြော်ငြာတွေလက်ခံထားဖို့ခေါ်ပြောတာ"

သူမေးလိုက်တော့မှ ဟီးခနဲရယ်ပြကာမျက်နှာချိုပြန်လာသွေးနေသည်။ ဒီကောင်လေးကတော့ ဟိုကပြန်လာပြီးကတည်းကမူမမှန်။ ခရီးမှာJungkookနဲ့ပြဿာနာတွေဘာတွေများဖြစ်ခဲ့လို့များလား?

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Where stories live. Discover now