ရှောင်​စစ်​၏အသံမှာ သနားကရုဏာအပြည့်​ဖြင့်
<လုပ်​​ပေးမလား...၊ ကျင်းကျင်း
သက်​​တောင့်သက်သာ​​အိပ်​လို့ရ​​အောင်
ညဝတ်​အင်္ကျီလဲ​ပေးထားတာပဲ 
ကျေးဇူးတင်​သင့်​​နေပြီ>

"..."

ထို့​ကြောင့်​ ရှီကျင်းလည်း အိပ်​ခန်းသို့အမြန်​ပြန်​ကာ
အင်္ကျီများကိုဆွဲချွတ်​ပြီး ​ရေချိုးကန်​ထဲ
ပစ်​ဝင်​သည်​။ပြီး​နောက် သူ၏အသားအရည်​များ
နီရဲလာသည်​အထိပင်​ ပွတ်​တိုက်​လိုက်​သည်​။
ရေချိုးဝတ်​ရုံဝတ်​ဆင်​ကာ အပြင်​ထွက်​လာချိန်​တွင်
ညစာစားချိန်​ပင်​​ရောက်​​နေပြီဖြစ်​​ကြောင်း
သတိထားမိရာ ​ပေါ့​ပေါ့ပါးပါးအဝတ်​အစားတစ်​စုံ
ကောက်​ဝတ်​ပြီး ထမင်းစားခန်းဆီသို့
ဦးတည်​လိုက်​သည်​။

ရှီကျင်း​ရောက်​ရှိချိန်​တွင်​ လျန်​ကျွင်းမှာ 
နေရာယူပြီး​နေပြီဖြစ်​သည်​။ ရှီကျင်းကို
မြင်​​သောအခါ ဘာမှမဆိုဘဲ လုပ်​ထုံးလုပ်​စဉ်​အတိုင်း
ထိုင်​စားရန်​ လက်​ဟန်​ပြသည်​။

ရှီကျင်းမှာ လျန်​ကျွင်း၏စိတ်​အ​ခြေအ​နေကို
ယခုထက်​ထိ မ​ပြောတတ်​​သေး​ပေ။
ထို့​နောက်​မှာ စားပွဲ​ပေါ်ရှိ ဟင်းပွဲအများစုသည်
သူ့အကြိုက်​များဖြစ်​​ကြောင်း မြင်​လိုက်​ရ​သောအခါ
စိတ်​လှုပ်​ရှားသွားပြီး မ​နေနိုင်​စွာ
ထပ်​မံရှင်းပြလိုက်​သည်​။

"ကျွန်​​တော်​ ကျွင်း​ရှောက်​အ​ပေါ်
ဂရုစိုက်​ရုံသက်​သက်​ပါပဲ ၊ အကယ်​၍ ကျွင်း​ရှောက်
သ​ဘောမကျရင်​ ကျွန်​​တော်​ ​ပြောင်းလဲ​ပေးပါ့မယ်​"

ထိုစကားကို​ကြား​သောအခါ
လျန်​ကျွင်းကိုင်​ထား​သောတူမှာ တန့်​သွားပြီး
ရှီကျင်းကို ​​ခေါင်း​မော့ကြည့်​ကာ ​မေးလိုက်​သည်​။

"ဘယ်​လိုမျိုးလဲ ? "

"ကျွန်​​တော်​ တသီးတသန့်​​နေ​ပေးရမလား ? "
ရှီကျင်း မဝံ့မရဲ ဆိုသည်​။

လျန်​ကျွင်းသည်​ တူကိုချကာ
စွပ်​ပြုတ်​ပန်းကန်​ကို လှမ်းယူရင်း
"စား​တော့ ၊ ပြီးရင်​ ငါနဲ့အတူ စာကြည့်​ခန်းဆီ
လိုက်​ခဲ့ "

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now