အဖိုးအိုနဲ့လင်ရှုယီကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးပြူးကာကြည့်နေကြ၏။ လင်ရှုယီက ရှန်ဖူ့နောက်ကနေ ခေါင်းလေးပြူလာသည်။

"ပိုက်ဆံတွေအများကြီးမလား? ကျွန်တော်တို့ မဝယ်တော့ရင်ရော?"

သူ့အတွက် ဒါတွေမရလို့မဖြစ်ဆိုတာတော့ မဟုတ်ဘူးလေ။ သူ ဒါတွေကိုသဘောကျပေမယ့်လည်း အဖိုးအိုက ရှန်ဖူ့ကိုခက်ခဲအောင်လုပ်နေတာမြင်တော့ ထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်လာတယ်။ ပြီးတော့ အဖိုးအိုနဲ့ရှန်ဖူက အချင်းချင်းသိကြတဲ့ပုံပဲ။

သို့တိုင် ရှန်ဖူကား ထိုသို့လုပ်ဖို့ကို မလိုလားပါချေ။ သူ ဒီပစ္စည်းတွေကို လက်လျှော့ဖို့ ဆန္ဒမရှိတာတော့ မဟုတ်ဘူး၊ အဆုံးသတ်ကျတော့လည်း အဆိုးဆုံးက အဆိုးဆုံးပဲဖြစ်နေမှာလေ၊ သူ တခြားပစ္စည်းတွေရှာဝယ်လို့ရသားပဲ။ အဓိကအချက်က လင်ရှုယီကို ဒီခေါ်လာတာ သူဖြစ်ပေမယ့် သူက လင်ရှုယီကို ဒုက္ခလည်းခံရစေသေးတာ။ ဒါကြောင့်မို့ သူ လက်လျှော့ဖို့တွန့်ဆုတ်နေမိခြင်း။

အဖိုးအိုကား သူတို့နှစ်ယောက်ကို အမူအရာကင်းမဲ့စွာဖြင့်သာကြည့်နေခဲ့၏။ သူက စကားတစ်ခွန်းမဆိုချေ။ ချန်းကျီက တစ်ဖက်မှာထိုင်လိုက်ပြီး ရှန်ဖူ့ကို စိုးရိမ်တကြီးကြည့်၏။ ဖိုးဖိုးက ဘာလို့ လေးလေးရှန်ကို ရုတ်တရက်ကြီးဒီလိုဆက်ဆံနေရလဲဆိုတာ သူတကယ်မသိ။

ရှန်ဖူက သူ့ကတ်ကိုဖြတ်တော့မှာကိုမြင်တဲ့အခါ နောက်ဆုံးတွင်တော့ လင်ရှုယီသည် ရှန်ဖူ့နောက်ကနေ လက်ဆန့်ထုတ်လာပြီး စုတ်တံသေးသွယ်သွယ်လေးကို သူ့လက်ချောင်းတွေကြား ညှပ်လိုက်ပါ၏။ ထို့နောက် သူက သူ့ရဲ့ပိတုန်းလိုနက်မှောင်နေတဲ့မျက်လုံးတွေကိုပင့်ကာ အဖိုးအိုကိုကြည့်သည်။

"ကျွန်တော်တို့ ဒါတွေကို အလကားရဖို့ စာလေးရေးရုံပဲမလား?"

အဖိုးအိုက သူ့မျက်လုံးတွေကို တစ်ဝက်မျှမှေးကြည့်လာသည်။ သူက ခံ့ညားလှသည့်ဟန်မူရာနှင့်ပြန်ဖြေသည်။

"ငါ စိတ်ကျေနပ်ရင် မင်းကို အလကားပေးမယ်။"

လင်ရှုယီက စုတ်တံကို မင်ထဲမှာနှစ်လိုက်ပြီး ယပ်တောင်ကိုယူသည်။ ယပ်တောင်ပေါ်မှာ အစိမ်းရောင်တောင်တန်းတွေအများကြီးနဲ့စမ်းချောင်းကွေ့လေးတစ်ခုကို ဆွဲထားသည်။ ဒါက တီထွင်တွေးဆနိုင်စွမ်းအများကြီးနဲ့ပန်းချီကားမဟုတ်ပါပေ။ သူ့အတွက် စာရေးပေးဖို့ကလွယ်ပေမယ့် အဖိုးအိုကို စိတ်ကျေနပ်စေဖို့ကတော့ ခက်လောက်သည်။ ပြီးတော့ အဖိုးအိုက သူ့ကို တမင်ခက်ခဲအောင်လုပ်နေမှတော့ သူက ဘာလို့ ဘယ်လိုစာမျိုးဆိုတာကိုဂရုစိုက်နေရဦးမှာလဲ?

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now