Gua Er၏တုံ့ပြန်​မှုက ရှီကျင်း၏အထင်​နှင့်
လွဲ​နေ​လေသည်​။

သူက ​တော်​​တော်​တည်​ငြိမ်​​နေတယ်​...

Gua Erအား မယုံသင်္ကာကြည့်​ပြီး
ဆက်​​ပြောပြသည်​။

"ဒီအခန်းအနီးက အခန်းတိုင်းမှာ
လူ​တွေရှိကိုရှိ​နေတယ်​၊ ​စောနက
ကျွန်​​တော့်​အစ်​ကိုသုံးနဲ့ စင်္ကြန်​လမ်းမှာ 
ဆော့​နေရင်း လှုပ်​ရှားသံတချို့ကို ကြားလိုက်​မိလို့..."

ရှီကျင်းရှင်းပြ​နေသည့်​တစ်​​လျှောက်
Gua Er၏အမူအရာမှာ ပို၍ပင်
ထူးဆန်းလာရာ ရှီကျင်းသည်​ တစ်​ခုခုကို
ချက်​ချင်းရိပ်​မိသွားပြီး Gua Er၏အင်္ကျီကို
ဆုပ်​ကိုင်​ကာ အံကြိတ်​​မေးလိုက်​သည်​။

"အခန်းလွတ်​​တွေမှာ လူ​တွေရှိ​နေတာကို
ခင်​ဗျားသိပြီးသားလား ? "

"အင်း​ပေါ့"

သူသည်​ မပြုံးမိ​စေရန်​ သူ့နှာ​ခေါင်းသူ
ကုတ်​ရင်း​ပြောသည်​။

"​မြေညီထပ်​က ဧည့်သည်တွေအားလုံးက
အစိုးရကလူ​တွေချည်းပဲ။မဟုတ်​ရင်
ကျွင်း​ရှောက်​က မင်းကိုလာဖို့ခွင့်​ပြုမယ်
ထင်​လို့လား ?ဒါ​ကြောင့်​ ​အေး​အေး​ဆေး​ဆေး
စား​သောက်​. . .ဟုတ်​ပြီလား ​ကောင်းကင်​ကြီး
မပြိုကျ​သေးဘူး၊ဒါနဲ့ မင်းအစ်​ကို​တွေက
ဘယ်​လို​ရောက်​လာတာလဲ? မင်း​ခေါ်လိုက်​တာလား?
သူတို့အ​ကြောင်းကို ကြွားဝါ​နေလိုက်​တာများ. . .
မစ္စတာချန်​က တစ်ခုခု​မူမမှန်​တာကို သတိပြုမိလို့
အဲ့လိုလုပ်​ခဲ့တာလား. . .ဟမ်​ ?!
မင်းက​တော်​​တော်​ထက်​တာပဲ "

"မဟုတ်​ပါဘူး ကျွန်​​တော်​က ဒီအတိုင်း
အ​ပျော်​သက်​သက်​ ကြွားလိုက်​ရုံ​လေးပါ "

ရှီကျင်းလည်း အံ့တကြိတ်​ကြိတ်​ဖြင့်
အားတင်း​ပြောလိုက်​သည်​။သူသည်
ရုတ်​တရက်​ပင်​ပန်းနွမ်းနယ်​လာသလိုပင်
ခံစားလာရသည်​။

"ငါ့ကိုယ်​ငါ ​သောက်​ရူးကြီးတစ်​​ယောက်​လို
ခံစားရတယ်​. . ."

သူသည်​ ​ရှောင်​စစ်​အား ဖွင့်​​ပြောသည်​။

ရှောင်​စစ်​မှာ တခဏတိတ်​ပြီးမှ ​ပျော့ညံ့စွာ 
ဖြေသိမ့်​​ပေးသည်​။
<အဆင်​​ပြေပါတယ်​, ​ရှောင်​စစ်​ကမှ
ကျင်းကျင်းထက်​ ပို​ဂေါက်​​နေတာ>

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now