57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား

Start from the beginning
                                    

"ဖွားကလည်း နော် နော် နော် ဖွားကိုချစ်တယ်လေ မြေးပြန်လာရင် တစ်ညလုံးဖွားနဲ့နေပေးမယ်လေ "

"သွားပါတော် သွားပါ "အဖွားဒီလိုပြောရင်ပဲဒါကစိတ်ကောက်ပြေစပြုတာဖြစ်သည်။ ဒီလိုအချိန်မျိုးမှာ မြွက်ခနဲ့မြည်အောင်ဖွားပါးကိုနမ်းလိုက်ရင်တော့ ဖွားစိတ်တွေပျော့ကျသွားပြီပဲဖြစ်သည်။

"ဒါ့ကြောင့်ဖွားကိုချစ်တာ အာ...ဘွား"

___________________

"မောင် ဒီနေ့ သာတို့တွေ့လို့မရတော့ဘူး သာ့ကိုလိုက်မပို့နဲ့တော့နော်"

"ဘာလို့လဲ ကျေးရဲ့"

ဖုန်းထဲကသူ့အသံကသိပ်အလိုမကျနေမှန်းသိသာ၏။

"မောင့်ကိုသာပြောထားဖူးတယ့်ဟာလေ အဲ့တာခုအိမ်မှာဖွားတို့ရော ဖေရောမေရောရောက်နေတယ်"

"ဒါဆိုပိုကောင်းတာပေါ့ကျေးရဲ့ ကျေးရဲ့ဖွားဖွားကိုလည်းမောင်တွေ့ဖူးတာပေါ့ အဖေနဲ့အမေကိုလည်းမတွေ့ရတာတော်တော်ကြာနေပြီ ဟိုတခါကျေးဆေးရုံဆင်းပြီးကထဲကပဲ ကောင်မလေး လိုအပ်ရင် ကိုယ့်ကိုကိုယ်တခါထဲမိတ်ဆက်ပြီးဝင်ကန်တော့လိုက်မယ်"

"ဟာ မောင်ကလည်း နောက်မှပါ"

"ဘာမောင်ကလည်း လည်း ပြောကျေးနဲ့မောင်ရည်းစားတွေဖြစ်တာ အိမ်ကိုအသိမပေးရသေးဘူးပေါ့ ခုလည်းမိတ်မဆက်ပေးချင်ဘူး ဘာလည်းကျေးကမောင့်ကိုအပျော်ကြံတာလား "

Phထဲကပြောနေပုံလေးကချစ်စရာလေးမို့သာစချင်လာကာ

"အင်း"

"ကျေးနော် မောင်တခါထဲခိုးပြေးမှမောင့်အဆိုးမဆိုနဲ့"သူကအဲ့လိုအမြဲခြိမ်းခြောက်တတ်တာဖြစ်သည်။

"မောင်ကလည်း တော်ပြီကွာမစနဲ့တော့ အဲ့တာလှမ်းပြောတာ ပိတ်က်ကျမှ သာမိတ်ဆက်ပေးမယ် ကျေနပ်ပြီလားပြော"
သာကဆူအောင့်အောင့်လေးပြောလျှင်

"မကျေနပ်သေးဘူး ခုနကမောင်စိတ်ဆိုးသွားတာ အဲ့တာပြန်ချော့"

"လူလည် မြွက်ချ် အာဘွား ဟုတ်ပြီလား"သာ့မှာဘေးဘီကိုကြည့်ကာ ခိုးကြောင်ခိုးဝှက် ဖုန်းထဲကနေအနမ်းလှမ်းပေးလိုက်သည်။

A mysterious love story (Completed)Where stories live. Discover now