"ဘာလို့ လျန်​ကျွင်းရဲ့သူငယ်​ချင်းက
ရုတ်​တရက်​ကြီး ​ပေါ်လာရတာလဲ ? လျန်​ကျွင်း
Bမြို့မှာ ရှိတာ လူဘယ်​တစ်​​ယောက်​​လောက်​သိလဲ? "

ရှီကျင်းလည်း မတတ်​နိုင်​စွာ ​ရှောင်​စစ်​အား 
မေးကြည့်​သည်​။

<သိပ်​မများပါဘူး ၊ အစက ယာယီနေဖို့ပဲ
စိတ်​ကူးပေမဲ့ အစိုးရက ဒါလင့်​ကို
အကူအညီ​တောင်း​တော့ စိတ်​​ပြောင်းသွားပြီး
နှစ်​ကုန်​ထိ ​နေဖို့ဆုံးဖြတ်​လိုက်​တာ။
လူနည်းနည်းပဲ ဒီအ​ကြောင်းကိုသိတာ>

"ဒါဆိုထူးဆန်းတာ​ပေါ့ ၊
လျန်​ကျွင်း​ပြောပုံအရဆိုဟိုးအရင်​တည်းက
ချိန်းဆိုထားတာမျိုးမဟုတ်​ဘဲ ရုတ်​တရက်
ဖိတ်​ကြားတာတဲ့။အခုချိန်​အထိ ​နေဖို့​တောင်
မရည်​ရွယ်​ခဲ့တဲ့Bမြို့မှာ ရှိ​နေတုန်း
အဲ့သူငယ်​ချင်းက လျန်​ကျွင်းကို ဖိတ်​ခဲ့တယ်
ဆို​တော့ ဒါက တအားမတိုက်​ဆိုင်​လွန်းဘူးလား ? "

ရှီကျင်းသည်​ မျက်​​မှောင်​ကြုတ်​ကာ
လျန်​ကျွင်းဆီမှ ရရှိထား​သောအချက်​အလက်
အပိုင်းအစ​တွေကို ဆက်​ကြည့်​သည်​။စိတ်​ကို
အတတ်​နိုင်​ဆုံးတည်​​ငြိမ်​​အောင်​လုပ်​ကာ
အ​ဖြေရှာသည်​။

<တအား မစိုးရိမ်​ပါနဲ့ ကျင်းကျင်း. . . ၊
ကျင်းကျင်း​တွေးနိုင်​တာကို ဒါလင်​လည်း
တွေးမိမှာပဲ​လေ၊ သူကဉာဏ်​​ကောင်းပြီး
လှည့်​စားဖို့ခက်​ပါတယ်​ >

ရှောင်​စစ်​မှ ကြိုးစားနှစ်​သိမ့်​​ပေးသည်​။

"သူလား လှည့်​စားဖို့ခက်​တာ၊အကယ်​၍
ဟုတ်​တယ်​ဆို Gua Erတစ်​​ယောက်​တည်း
ခေါ်သွားမှာ မဟုတ်​ဘူး. . .Gua Yi ၊
Gua San ၊ Gua Wuနဲ့Gua Jiuကိုပါ 
ခေါ်သွားမှာ​ပေါ့ ! "

ရှီကျင်း နှာမှုတ်​လိုက်​သည်​။သူ
ထိုအ​ကြောင်းကို​တွေးမိ​လေ​လေ
ဒီတစ်​ကြိမ်​​တော့ လျန်​ကျွင်းသည်​ တကယ်​ကိုပဲ
န​မော်​နမဲ့နိုင်​လွန်းသည်​။ထို့​ကြောင့်​ ရှီကျင်းသည်
ကားပြတင်း​ပေါက်​မှန်​အား ကုတ်​ခြစ်​လျက်
လျန်​ကျွင်း​ဘေးသို့
ချက်​ချင်းကူး​ပြောင်းသွားလို့ရလျှင်​ 
ကောင်းမည်​ဟု စိတ်​ကူးယှဉ်​မိသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now