"ဘာများလဲဟင်"
"လာ လိုက်ခဲ့"
Tae လက်ကိုဆွဲပြီး အခန်းတစ်ခန်းကိုဦးတည်သွားနေတဲ့ Jungkook...တံခါးရှေ့လည်းရောက်ရော လက်လေးကိုလွှတ်ပေးရင်း...
"ဝင်ကြည့်လိုက် သည်းငယ်လေး"
Tae ခေါင်းလေးပဲငြိမ့်ပြလိုက်မိသည်...စိတ်တွေလည်းလှုပ်ရှားနေရသည်....Jungkook ဘာတွေစီစဉ်ထားပြန်ပြီလည်း..
တံခါးဖွင့်ပြီးဝင်လာတဲ့ Tae အခန်းထဲက မြင်ကွင်းကြောင့် မျက်ဝန်းလေးတွေဝိုင်းစက်သွားတာကအရင်...ခနနေတော့ နှုတ်ခမ်းလေးပေါ်သို့ လေးထောင့်အပြုံးလေးခိုတွဲလာခဲ့သည်...
Tae မျက်နှာအမူအရာကို အကဲခတ်နေတဲ့ Jungkook လည်း Tae ရဲ့တုံ့ပြန်မှုလေးကိုသဘောကျစွာပြုံးနေသည်...
"Jungkook ဒါ..ဒါက..."
Tae ရင်ထဲလိပ်ပြာတွေပျံနေသလိုပင်...Tae ပုံတူပန်းချီကားကြီးကိုငေးမောနေမိသည်...သူ Tae ကိုတစ်ရက်မှမမေ့ခဲ့ဘူး...သူ Tae ကိုတစ်စက္ကန့်လေးတောင်မချစ်ဘဲမနေခဲ့ဘူး...
"ကြိုက်ရဲ့လားကလေးလေး..."
"အရမ်းလက်ရာမြောက်တာပဲ..ကျွန်တော်အရမ်းသဘောကျတယ်...ကျေးဇူးပါ Jungkook"
"ကျေးဇူးတင်ရင်ဘာလုပ်ရမလဲ သိလား"
"ဟင့်အင်း"
Jungkook က Tae မျက်နှာနားအထိ သူ့မျက်နှာချောချောကိုငုံ့ချလာရင်း
"ကိုယ့်ကိုနမ်း"
Tae ပါးပြင်လေးတွေပူထူသွားသည် ....အဲ့ Jungkook ဟာလေ တကယ်ပဲ...
Jungkook မိမိအရှေ့က မျက်နှာလေးရဲကာခေါင်းငုံ့နေတဲ့ကောင်လေးကို အသည်းယားစွာကြည့်မိသည်...မပြန်ခင် တစ်ခါအတူနေဖူးတာကို ဒီကလေးမေ့များသွားတာလားပဲ...Jungkook ကတော့တစ်ရက်မှမေ့မရခဲ့...
ဝေးနေရတဲ့အချိန်တွေအတွင်း Jungkook ဟာယောကျာ်းသားပေမို့ တစ်ခါတစ်လေ အသွေးအသားတို့ကချစ်သူကိုတမ်းတသည်...အဲ့လိုအချိန်မျိုးဆိုလျှင် Jungkook တို့အခက်တွေ့ရစမြဲ...အခုတမ်းတလွမ်းဆွတ်ရတဲ့ ချစ်ရသူလေးက Jungkook ရှေ့မှာ...ဒီညမှ မထွေးပွေ့မကြင်နာရရင် Jungkook ရူးရပါလိမ့်မည်...
KAMU SEDANG MEMBACA
💜 I'm Your' Fan 💜(Completed)
Fiksi Penggemarဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-30 (Final)
Mulai dari awal
