Part-15

3.7K 378 15
                                        

Jungkook တို့ Jeon အိမ်တော်ထဲခြေချသည်နှင့် တဖျတ်ဖျတ်လက်လာသော camera များ..Jungkook အံ့သြသွားသလို Jungkook နောက်ကပါလာတဲ့ Tae ပါလန့်သွားရသည်...

အရင်နှစ်မွေးနေ့တွေဆို ဒီတိုင်းသားဖနှစ်ယောက်ရယ် Eunhan Hyg တို့သားမိနှစ်ယောက်ရယ်နဲ့ပဲ Dinner စားပြီးဖြတ်သန်းတာပဲဖြစ်သည်...ဖေဖေဘာတွေကြံနေပြီလည်းမသိ...

Jungkook ကိုမြင်တာနဲ့ Mr.Jeon က ပြုံးကာလက်လှမ်းပြသည်...Camera Man တွေနဲ့ ဖေဖေ့မိတ်ဆွေတွေကြောင့် Jungkook ကို Sky Group ရဲ့သားအဖြစ် တရားဝင်အသိပေးတော့မယ်လို့ခန့်မှန်းရပါသည်...

"အားလုံးပဲ ဒီနေ့ကျွန်တော်အသိပေးစရာလေးရှိလို့ပါ"

စင်ပေါ်တက်ရင်း မိုက်နဲ့ Mr.Jeon ကပြောလာတဲ့အသံကြောင့် ပွဲကငြိမ်ကျသွားကာ အာရုံအားလုံးကစင်ပေါ်မှာသာ...

"Jeon Jungkook ဆိုတဲ့ အဆိုတော်ကောင်လေးက ကျွန်တော့်သားပါဗျာ"

ပွဲထဲကလူတွေမှာ ဟာခနဲဟင်ခနဲ..သူတို့လည်းဘယ်ထင်ထားပါ့မလဲ...Jungkook က Idol ဆိုတော့ နောက်ကြောင်းကိုဖုံးကွယ်ထားတာမလို့ Sky Group ရဲ့မျိုးဆက်လို့မသိကြပေ...

"ဒီနေ့ ကျွန်တော်မွေးနေ့ထက် အရေးကြီးတဲ့ကြေငြာစရာတစ်ခုရှိပါတယ်...ကျွန်တော့်သားရဲ့အနာဂတ်နဲ့လည်းဆိုင်ပါတယ်ဗျာ.."

Jungkook မျက်မှောင်တို့ကြုံ့သွားရင်း စင်ထောင့်က Lee Soyoon ကိုမြင်မှသဘောပေါက်သွားရသည်...အဖြူရောင် Dress နဲ့ Soyoon က ခေါင်းပေါ်မှာသရဖူတောင်ပန်ထားသေးသည်...ဖေဖေက Jungkook ဇနီးလောင်းအဖြစ်ပွဲထုတ်တော့မယ့်သဘောရှိသည်...

တစ်ဆက်တည်း ဖေဖေက Soyoon နဲ့လက်ထပ်သဘောတူတယ်ဆိုတဲ့စကားကိုကြားယောင်သွားရင်း Tae လက်ကိုဆွဲကာ စင်နားသွားမိသည်...

"အဲ့တာကတော့ သားရဲ့မင်္ဂလာသတင်းပဲဖြစ်ပါတယ်"

"ဟာ...ဟင်..."

ပွဲထဲကလူအပေါင်းရဲ့အာမေဋိတ်သံတွေလျှံထွက်လာကုန်သည်...

ထိုစဉ် Jungkook က Tae လက်ကိုဆွဲကာ စင်ပေါ်တက်လာရင်း

"အားလုံးပဲ ခုလိုရုတ်တရက်အသိပေးရလို့ စိတ်မကောင်းပေမယ့် ကျွန်တော် ဟော့ဒီက ကျွန်တော့်သည်းငယ်နဲ့ လက်ထပ်တော့မှာပါ"

💜 I'm Your' Fan 💜(Completed)Tempat cerita menjadi hidup. Temukan sekarang