America ကိုသွားတော့ Tae ပါလိုက်ခဲ့ရသည်...3 ညအိပ် 4 ရက်ပဲကြာမှာမလို့ အထုတ်ကတော့အကြီးကြီးမဟုတ်..ဒါတောင်လေယာဉ်ကို Jungkook နဲ့အတူစီးလို့မရပေ...Jungkook နောက်လိုက်နေတဲ့ ပါပါရာဇီတွေကြောင့် Tae ကိုဘယ်လိုမှ အတူခေါ်သွားလို့မဖြစ်တာကြောင့်ရယ်ပါ...
Tae စီးရမယ့် လေယျာဉ်ကိုစောင့်နေရင်း တစ်ယောက်ထဲသွားရမယ့်ခရီးကိုပျော်နေမိသည်...Jungkook ကတော့ America ရောက်နေလောက်ပြီ..Tae ဟိုရောက်တာနဲ့ Jungkook ရဲ့ Manager Hyg က လာကြိုမှာမလို့ ဘာမှမပူရပေ..
Jungkook ရောက်တာနဲ့ ခနနားရင်း ညနေ 6 နာရီ လေယျာဉ်နဲ့ပါလာမယ့် ကောင်လေးကိုကြိုဖို့ Hyg ကိုအတန်တန်မှာရသည်...ဟိုမှာကတည်းက လေယျာဉ်တစ်စီးတည်းဖြတ်မယ်လို့ပြောတာကို Hyg က စိုးရိမ်ကာ ကောင်လေးကိုကျ ညနေမှဆိုက်မယ့်လေယျာဉ်နဲ့လိုက်လာခိုင်းသည်...
သွားကာနီးမှ Jungkook သိရတာကြောင့် ဒေါသထွက်မိပေမယ့် သူကကိုယ့်အစ်ကိုမလား ကိုယ်ကောင်းဖို့လုပ်ပေးတာပဲဆိုတဲ့အသိနဲ့ဘာမှမပြောမိအောင်ထိန်းနေရသည်..Hyg က သူတာဝန်ယူပါ့မယ် Hotel ထိအန္တရာယ်ကင်းကင်းရောက်လာအောင်ကိုယ်တိုင်ကြိုပါ့မယ်ပြောလာခဲ့သည်....
Jungkook က မနက်ကရင်း လေယျာဉ်ဆိုက်တာကြောင့် အေးဆေးနားခွင့်ရသည် မနက်ဖြန်မှ Stage ကိုသွားကြည့်ရမှာဖြစ်တာကြောင့် Hotel မှာပဲ အေးဆေးနားနေမိသည်...
Eunhan Jungkook ကောင်လေးကိုသွားကြိုရင်း အဲလေ Tae ကိုသွားကြိုရင်း ph ဝင်လာတာမလို့ ကိုင်လိုက်တော့ ..PD က ph ဆက်လာကာ ခနနေအရေးကြီးလူတစ်ယောက်ကတွေ့ဖို့ခေါ်ရင်သွားလိုက်လို့သာပြောလာခဲ့သည်...
PD နဲ့ပြောပြီးပြီးချင်း ph ဝင်လာခဲ့သည်... Concert အတွက် Share အကြီးဆုံးထည့်ထားတဲ့ သူဌေးက ချိန်းတာမလို့ ငြင်းမရပဲ လေယျာဉ်ကွင်းမသွားဘဲ ပြန်လာခဲ့လိုက်သည်...လေယျာဉ်ဆိုက်ဖို့ တစ်နာရီတောင်လိုသေးတာကြောင့် Eunhan မငြင်းမိပေ..ငြင်းလို့လည်းမကောင်းဘူးမလား...
Tae လေယျာဉ်ကွင်းထဲရောက်ရောက်ချင်း Jungkook Manager Hyg ကိုရှာမိသည်...သူလာကြိုမယ်လို့ပြောထားတာမလား....Tae အခုမှ ပထမဆုံးရောက်ဖူးတာမလို့ ဘာမှမသိ Eng စကားလည်းမပြောတတ်တာကြောင့် ထိုင်ခုံလေးမှာပဲ ထိုင်စောင့်နေမိသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
