အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေတဲ့အခန်းအတွင်း လှပချောမောတဲ့ကောင်မလေးတစ်ယောက်နဲ့ Sky Group ရဲ့ CEO တို့ရှိနေလေသည်....
"ဦးလေး Jeon က ဘာလိုချင်လို့လည်း Yoon ကိုထွက်သွားခိုင်းလိုက်ပြန်လာခိုင်းလိုက်နဲ့"
"အရင်ကထွက်သွားခိုင်းတာက သားနဲ့သဘောမတူလို့မဟုတ်ပါဘူး သားကအရွယ်မရောက်ခင် အချစ်ရေးမှာနစ်မွန်းနေမှာကို မမြင်ချင်လို့...အခုက အချိန်တန်ပြီလေ အရင်လိုသားရဲ့စိတ်ကို ပိုင်ဆိုင်နေသေးတယ်ဆို သမီးလက်ထပ်လိုက်ပါ ခွင့်မပြုစရာမရှိဘူး"
Soyoon ပြုံးလိုက်မိသည်...ဒီအချိန်ထိရောက်အောင် မောင့်ကို ဘယ်လောက်တောင်လွမ်းခဲ့ရလဲ...
"ဟုတ်ကဲ့ ဒါဆို အခု Yoon ဒီမှာပဲပြန်လာနေတော့မယ်နော် ဦးလေး Jeon "
"ကောင်းပါပြီ သမီး"
Yoon အိမ်ပြန်လာတော့ အခန်းထဲထိုင်ကာ အရင်ကမောင်နဲ့ကလေးဘဝကအမှတ်တရတွေကိုစဉ်းစားကာပြုံးနေမိသည်...အခုဆိုမောင်က ကမ္ဘာကျော် Idol တောင်ဖြစ်လို့...
Jeon စံအိမ်နဲ့ သူမတို့အိမ်က ခြံနားနီးခြင်းပင်ဖြစ်သည်...သူမတို့က Jeon မိသားစုလိုမချမ်းသာပေမယ့် အသင့်အတင့်ထဲတော့ပါပါသည်..ငယ်ငယ်လေးကတည်းက တစ်ဦးတည်းသောသားမောင်က သူမနဲ့လာဆော့တတ်သည်...
အဲ့လိုကနေ အရွယ်ရောက်ရင် လက်ထပ်ကြမယ်လို့ကတိထားကြရင်း သူမက ၁၈ နှစ် မောင် ၁၆ နှစ်မှာ မောင့်ဖေဖေ ဦးလေး Jeon က သူမကိုနိုင်ငံခြားမှာပညာသင်စေခဲ့သည်..တနည်းအားဖြင့် သူ့သားနဲ့ခွဲနည်းတစ်မျိုးပေါ့...
မောင်ကမသွားပါနဲ့လို့ ပြောပေမယ့် သူမကတိုးတက်ချင်သည်..ပြီးရင် ပြန်လာပြီး မောင်နဲ့လက်ထပ်ဖို့ အဆက်အသွယ်မလုပ်ရဘူးဆိုတဲ့စကားကို နားထောင်ရင်း မောင့်ကိုလွမ်းတဲ့အခါ Idol ဖြစ်နေတဲ့ မောင့်ရဲ့တစ်နေ့တာသတင်းလေးတွေပဲကြည့်ရင်းဖြေသိမ့်ရသည်...
အခုသူမလည်း နာမည်ကြီး ဒီဇိုင်းနာတစ်ယောက်ဖြစ်ခဲ့ပြီ...အခုမောင့်ဆီပြန်လာခဲ့ပြီ...မောင်လည်း သူမကိုချစ်နေဦးမယ်လို့ ယုံကြည်နေမိသည်...Dating သတင်းမထွက်တာ သူမကိုမမေ့သေးလို့ပဲမလား...
KAMU SEDANG MEMBACA
💜 I'm Your' Fan 💜(Completed)
Fiksi Penggemarဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
