Tae အံ့သြသွားရသည်...Jungkook က Tae ကိုချစ်တယ်တဲ့လေ...Tae လည်း Jungkook ကိုချစ်နေမိတာပဲ..ဒါပေမယ့် Tae ဘဝအမှန်ကိုသတိရတဲ့အခါ Jungkook ကိုမေ့သွားမှာစိုးရိမ်ပါသည်...Jungkook ကို Tae မနာကျင်စေချင်ပါ...
"ဖြေဦးလေ သည်းငယ်ရော ကိုယ့်ကိုချစ်လား"
Tae ကိုယ်လေးပေါ်ကနေအုပ်မိုးကာ Tae မျက်နက်ဝန်းတွေထဲထိစိုက်ကြည့်ကာ မေးနေတဲ့ Jungkook ...
"ဟင့်အင်း ကျွန်တော်...မချစ်ဘူး..Jungkook ကို "
"လိမ်တာ..."
"ဟင်..."
"လိမ်နေတာ ...ကိုယ့်ကိုတည့်တည့်ကြည့်ပြော မချစ်ဘူးဆိုတာကို.."
"ဟင့်အင်း..."
"သည်းငယ်..."
Jungkook ကောင်လေးမျက်ဝန်းလေးတွေကိုကြည့်ပြီး မချင့်မရဲဖြစ်မိသည်...အမြဲတမ်းတည်ငြိမ်နေတတ်တဲ့မျက်ဝန်းလေးတွေကအခု တလှုပ်လှုပ်နဲ့ လိမ်ညာနေတာကို ဟန်ဆောင်ဖုံးကွယ်နေပုံရသည်...
"ရပါတယ် ကိုယ်အတင်းအကျပ်မလုပ်ဘူး...အချိန်တွေရှိပါသေးတယ် ....သေချာစဉ်းစားပါ...အခုလို ကိုယ်ချစ်ရေးဆိုတဲ့ကိစ္စကြောင့် သည်းငယ်အနေခက်တာမျိုးမလိုချင်ဘူး...ညနေပြန်မှာမို့ နားလိုက်ဦး"
ပြောချင်ရာပြောပြီးထွက်သွားတဲ့ Jungkook ကျောပြင်ကိုကြည့်ကာ Tae အောက်နှုတ်ခမ်းလေးကိုဖိကိုက်ရင်း ငိုချင်တဲ့စိတ်ကိုထိန်းနေမိသည်...ချစ်ချင်ပါတယ် ပွင့်ပွင့်လင်းလင်း ဒါပေမယ့် သူကကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းတောင်သေချာမသိတဲ့အခြေအနေမလား...
Jungkook ကိုချစ်တယ်ဖြေပြီး Jungkook ကိုမေ့သွားတဲ့အခါ အငြင်းခံရတာထက် Jungkook ပိုခံစားရမှာ...ခံစားရင်တောင် Tae ပဲခံစားပါမည်...အနည်းဆုံးတော့ Tae ကို Jungkook ချစ်တယ်ဆိုတာ သိရပြီမို့...
....................
Jungkook Hotel မပြန်ပဲ ဘားမှာသောက်နေမိသည်...ကောင်လေးကိုပြန်မှဝင်ခေါ်မှာမို့ ကောင်လေးဆီကထွက်လာကတည်းက လူကပေါက်ကွဲချင်နေတာပဲဖြစ်သည်...ဘားမှာဖွင့်ထားတဲ့ သီချင်းကသူ့သီချင်း...
"အဟက်..."
ခြောက်ကပ်ကပ်ရယ်မောမိသည်...Idol ဖြစ်နေတော့ရော ဘာပျော်ရလို့လည်း...လိုချင်တဲ့အချစ်ကိုရလို့လား...ကောင်လေးက မချစ်ဘူးတဲ့လေ...ပြီးပြည့်စုံပြီးချမ်းသာနေတော့ရော အချစ်ရေးမှာတော့မပြည့်စုံတာပဲလေ...
KAMU SEDANG MEMBACA
💜 I'm Your' Fan 💜(Completed)
Fiksi Penggemarဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
