Part-20

3.6K 335 8
                                        

"Jungkook..."

Tae ခေါ်လိုက်တာကြောင့် Jungkook က Tae ပုခုံးလေးကိုလွှတ်ပေးကာ ပြုံးပြလာသည်...

"ငိုနေတာလားဟင်"

"အင်း မင်းမေမေကိုသနားလို့ သူမင်းကိုအရမ်းလွမ်းနေမှာ..."

"ဟုတ် ကျေးဇူးပါနော်..ပြီးတော့လေ ကျွန်တော်ပြန်ရင် လတ်မှတ်ထိုးပေးပါနော်...Jungkook လတ်မှတ်လေးအိမ်ကိုယူသွားချင်လို့..."

...လတ်မှတ်တင်မဟုတ်ဘူး နှလုံးသားပါပေးပြီးသားပါကလေးရယ်...နှလုံးသားပါပေးလိုက်ပါ့မယ်....

"အင်း ပေးမှာပေါ့..."

"ဟီး တကယ်နော်..."

Boxy Smile လေးနဲ့ပြုံးပြလာတာကြောင့် စိတ်ရှိသလိုနမ်းပစ်ချင်စိတ်ကိုချုပ်ထိန်းထားရသည်....

"အင်း..."

"Wow...Idol က ရုပ်ရည်ချောမောရုံ အရည်အချင်းရှိရုံမက စိတ်ထားလေးကပါကောင်းနေပြန်ရော...Aigeo ငါတို့ ဂျောင်ကုကီလေး Idol အဖြစ်ချစ်ရတာ တန်နေရောပဲ...."

လက်သီးလေးနှစ်ဖက်ကို ဆုပ်ကာ အားရပါးရပြောနေတဲ့ကောင်လေးရယ်ပါ...ဘာတဲ့ ငါတို့ Jungkookie လေးတဲ့...Jungkook ကို Fan Girl လေးတွေ ခေါ်တာ Comment မှာမြင်ဖူးသည်...ဒီကလေးက ဘယ်လိုလုပ်...

Tae အခုမှ Group ထဲက ခေါ်နေကျ ငါတို့ ဂျောင်ကုကီလေးလို့ ခေါ်လိုက်မိတာကို သတိထားမိသွားကာ

"ဟိုလေ ရှိတယ်မလား Jungkook fan တွေက ခေါ်တယ်လေ အဲ့လို မြန်မာမှာလည်း အဲ့လိုခေါ်တယ် Jungkook ကို အူယားလို့တဲ့..."

"ဒါဆို မင်းကရော အူယားလို့ခေါ်တာလား"

Jungkook စကားကြောင့် Tae နေရခက်သွားရသည်...

"အင်းလေ..ဒါ..ဒါပေါ့ ကျွန်တော်က Jungkook ရဲ့အမာခံပရိသတ်ပဲဟာ.."

Jungkook ပြုံးပြီးသာကြည့်နေလိုက်သည်...သူနမ်းလို့ရှက်ရင်လည်း ဒီလိုလေးပဲလေ...

"လတ်မှတ်ထိုးပေးတာကို မင်းဘက်ကတစ်ခုခုပြန်လုပ်ပေးမလား"

"ဘာလုပ်ပေးရမလဲဟင်"

"မင်းအိမ်လိပ်စာရေးပေးခဲ့ပါလား ph no ရယ်...ဟိုရောက်ရင် မင်းက ph no ပြောင်းကိုင်ရမှာဆိုတော့"

💜 I'm Your' Fan 💜(Completed)Tempat cerita menjadi hidup. Temukan sekarang