Part-24

3.5K 387 7
                                        

Jungkook မျက်စိရှေ့က ကောင်လေးကိုကြည့်ကာ မျက်တောင်မခတ်မိပေ...တီရှပ်အဖြူလက်ရှည်နဲ့ မြန်မာတို့ဝတ်သလို ရိုးရာ ပုဆိုးလားဘာလား အဲ့အဝတ်အစားကို အနက်ကွက်စိပ်လေးဝတ်ထားတဲ့ ကောင်လေး...

အသားအရေလေးကဖြူဥနေတာကြောင့် အခုဝတ်ထားတာလေးတွေနဲ့အတော်ပင်လိုက်ဖက်နေသည်...ဆံပင်အုပ်အုပ်လေးတွေကလည်းနဖူးပေါ်ဝဲကျနေကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လိုက်ဖက်လွန်းလှသည်...ခြုံပြောရရင် ကြည့်မဝတဲ့အလှမျိုးလေးရယ်...

"Jungkook ဆို..."

"အော်...အင်းအင်း ပြောလေ ကလေး"

သတိလက်လွတ်ငေးနေမိရင်း ခေါ်သံလေးကြောင့် ကမန်းကတန်းပင်ထူးမိသည်...

"Jungkook လည်းဝတ် သွားသွား မြန်မြန်လဲခဲ့"

သူနဲ့ဆင်တူလိုဝတ်စုံကို Jungkook ကိုအတင်းထိုးပေးကာ ရေချိုးခန်းထဲတွန်းလွှတ်နေသည်...
Jungkook လည်းသူလေးစိတ်ချမ်းသာစေရန်အမြန်ယူကာ လဲဖို့ပြင်ရသည်...

ခနကြာတော့ Tae ရှေ့လာရပ်တဲ့ Jungkook...
Tae ခွိကနဲပင်ရယ်မိသည်...Jungkook မှာမျက်နှာကြီးရဲနေကာ

"မရယ်နဲ့လေ...ကိုယ်မှ ဒီအောက်ကဟာကြီးကိုမဝတ်တတ်တာ..."

Jungkook က လည်ကတုံးအဖြူကိုတော့ဝတ်ထားပါ၏..ပုဆိုးကိုမဝတ်တတ်တော့ လက်နှစ်ဖက်နဲ့ကိုင်ဖြန့်ထားကာ Tae ရှေ့လာရပ်ခြင်းရယ်ပါ...

"ကျွန်တော် ဝတ်ပေးမှာပေါ့"

Tae ကပြောရင်း Jungkook နောက်နားရပ်ကာ ဝတ်ပေးဖို့ပြင်တော့ Tae ပဲပြန်ရှက်သွားရပြန်သည်...Jungkook ကို boxer နဲ့မြင်လိုက်ရတာမလား...တင်ပါးမို့သာတော်သေးသည်...မြန်မြန်ဝတ်ပေးလိုက်ရင်း..

"ပြီးပြီ..အဟမ်း"

"ကိုယ် ဂျင်းပဲဝတ်လို့မရဘူးလားဟင်"

"မရပါဘူး ဘုရားသွားတယ်ဆိုတာ ဒီလိုရိုးရာဝတ်စုံလေးနဲ့မှ ယဉ်ကျေးတာ"

"အင်းပါ..."

ပုဆိုးနဲ့မသက်မသာဖြစ်နေတဲ့ Jungkook က ချစ်စရာပါ...အသားဖြူလွန်းသူမို့ လိုက်ဖက်ပါသည်...ချောမောရှင်းသန့်နေသည်...

"ဟေး မြန်မာကောင်လေး..."

Tae ငေးနေတော့ Jungkook ကခေါ်လာသည်...

💜 I'm Your' Fan 💜(Completed)Tempat cerita menjadi hidup. Temukan sekarang