Part-2

5.6K 469 6
                                        

ဒီနေ့ သားထယ်ယောင်းပြန်ရောက်မှာမလို့ သားကြိုက်တဲ့ဟင်းလေးတွေချက်ထားမိသည်...သားကအသီးအရွက်ထက် အသားကိုပိုကြိုက်တတ်သည်...

သားကြီးအကျီတွေရောသားငယ်အကျီတွေပါမီးပူတိုက်နေရင်း သတင်းကိုဖွင့်ထားမိသည်...

"ဒီနေ့ Korea မှာ မြန်မာနိုင်ငံကိုပြန်လာမယ့် လေယျာဉ်တစ်စီးဟာ စက်ချို့ယွင်းမှုကြောင့်ပျက်ကျခဲ့ပါတယ်..."

...ဘုရားဘုရား ကံဆိုးလိုက်ကြတာ...

"လေယျာဉ်ထဲမှာ Korea ကိုလေ့လာရေးခရီးလာရောက်တဲ့ UFL ကျောင်းသားကျောင်းသူ အယောက် ၃၀ လည်းပါရာ......"

"ဖေကြီးရေ ဖေကြီး...လာပါဦးတော့"

"ဘာဖြစ်တာလည်းမေကြီး..."

"ထယ်ထယ် ...သားကြီး လိုက်သွားတဲ့လေယျာဉ်..အဟီး..အီး..."

"အသက်ရှင်ကျန်သူမရှိဟုသိရတဲ့အတွက် မိသားစုနဲ့ထပ်တူများစွာစိတ်မကောင်းဖြစ်ရကြောင်း Korea သမ္မတမှ ဝမ်းနည်းကြောင်းစကားပါးလိုက်ပါတယ်"

"မေကြီး ကိုယ်တို့သား...ကိုယ်တို့သားလေး.."

"ဖေကြီး သတိထားပါဦး..ဖေကြီးရေ...."

ဒီလိုနဲ့ သူမတို့မိသားစုဟာ သားကြီးထယ်ထယ့်ကိုဆုံးရှုံးခဲ့ရပါတယ်

...........

"အား ကျွတ်ကျွတ်..."

Taehyung သတိရလာပေမယ့် ခေါင်းကတဆစ်ဆစ်ကိုက်တဲ့ဝေဒနာရယ် တစ်ကိုယ်လုံးက ကိုက်ခဲတဲ့ဝေဒနာရယ်ကြောင့် မျက်ဝန်းတို့တော်တော်နဲ့မဖွင့်နိုင်...

အားယူကာဖွင့်ကြည့်မိတော့ မျက်နှာကျက်အဖြူရောင်ကိုသာတွေ့ရသည်...နှာခေါင်းထဲဆေးနံ့ရတာကြောင့် သူရောက်နေတာ ဆေးရုံတစ်ခုမှာပဲဖြစ်မည်...

နေပါဦး သူကဘယ်ကလည်း..ဘယ်မှာနေတာလည်း ဘာမှမမှတ်မိ...စဉ်းစားရင်းခေါင်းတွေထိုးကိုက်လာသည်...

...ချောက်...

တံခါးဖွင့်သံနဲ့အတူ ဝင်လာတဲ့ချောမောတဲ့ကောင်လေးတစ်ယောက်ရယ် အနောက်က အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်ရယ်....

"မင်း သတိရလာပြီကိုး "

Taehyung ကိုစကားပြောလာတဲ့သူကို ကြည့်မိတော့ သူအဲ့ဒီလူကိုမသိ..ဒါပေမယ့် အရမ်းရင်းနှီးခဲ့ဖူးပုံရသည်...Taehyung စိတ်ထဲက ထိုလူ့ကိုစိမ်းမနေပေ...

💜 I'm Your' Fan 💜(Completed)Tempat cerita menjadi hidup. Temukan sekarang