22 ❤💚

2.7K 135 0
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(22) .................

" ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါ...ကွေ့လီ "

" ငါက ဘယ်လိုမျိုးလူလဲဆိုတာ မင်းသိပြီးသားမို့လား...ချန်စွေ့... ငါ..ငါကမင်းနဲ့ မတန်ပါဘူးကွာ..."

မာမာတင်းတင်းငြင်းဆိုခဲ့ပြီးသည်... ပြီးနောက် လက်မလျော့ပဲ ကြင်နာလာသူ ချန်စွေ့အား ကွေ့လီထပ်မံငြင်းဆိုမိသည်...
ဝန်မခံချင်သေးပါ... လည်ပြန်လေးတောင် လှည့်မကြည့်ခဲ့သူ ရှောင်းကျန့်ကြောင့် ရသည့်ဒဏ်ရာအား ကုသပေးနိုင်စွမ်းခဲ့သူက ယခုလက်ထပ်ခွင့်တောင်းနေသော ချန်စွေ့ပင်...

" ကိုယ့်ကို လက်ထပ်ခွင့်ပေး "

" ငါက မင်းနဲ့မတန်ဘူး "

" ဘာလို့မတန်တာလဲ ကလေးရာ "

" ငါ...ငါက အခြားလူတစ်ယောက်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုပဲ ချန်စွေ့.."

" ကိုယ်ပြောမယ်နော်... တန်ဖိုးဆိုတာ စွန့်ပစ်ခံခဲ့ရခြင်း မခံရခြင်းနဲ့မသက်ဆိုင်ဘူး...
ကိုယ့်အတွက်တော့ ကိုယ်မြတ်နိုးတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုရင် တစ်ကမ္ဘာလုံးက စွန့်ပစ်ထားတာဖြစ်ပါစေ ကိုယ်အမြတ်တနိုးတန်ဖိုးထားဖို့ ထိုက်တန်တယ်လို့ ခံယူတယ်... ကိုယ်ချစ်တာက သူများတွေရဲ့ အဖိုးဖြတ်မှုပေါ်မှာမူမတည်ဘူး "

မြတ်နိုးကြောင်းသီကုံးနေသော ချန်စွေ့ကို ကြည့်ရင်း ကွေ့လီရင်ထဲ တကယ်ပင်လှုပ်ခက်ရပါသည်...သို့ပါသော်လည်း...

". .........."

" လူသားအားလုံးက ဝိုင်းပြီး အဖိုးတန်ပါတယ်လို့ သက်မှတ်ထားတဲ့ စိန်တုံးတစ်ခုကို ကိုယ်မနှစ်သက်ရင် လမ်းခင်းတဲ့ကျောက်ခဲတစ်တုံးလောက်တောင် တန်ဖိုးထားမိမှာမဟုတ်ဘူး...
ဒါကြောင့် မင်းရဲ့ တန်ဖိုးဆိုတာ တစ်စုံတစ်ယောက်ရဲ့ စွန့်ပစ်ခံရခြင်း ဒါမှမဟုတ်... ဘဝရဲဲ့ဒဏ်ရာတွေပြင်းထန်ခြင်းပေါ်မှာ မူတည်ပြီး ကိုယ်သက်မှတ်မှာ မဟုတ်ဘူး... ကိုယ်ပြောတာကို လက်ခံတယ်မလား ကွေ့လီ..."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now