3 💚❤

3.6K 238 3
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
""""""""""""""""""""""""""""""""""""""
................(3) .................

ယွီပင်း.." ဟုတ်..တွေ့ရတာဝမ်းသာပါတယ်ဗျာ...ခုကစပြီး သူငယ်ချင်းတွေဖြစ်သွားပြီပေါ့..."

ရှန်းပိုင်.." ဟုတ်ပါတယ်..သူငယ်ချင်းတွေဖြစ်သွားပြီနော်..."

သုံးယောက်သား...လက်ချင်းရိုက်လိုက်သည်..ထိုမြင်ကွင်းကိုကြည့်ကာ ငေးနေသူတစ်ဦး...အတိအကျဆိုရလျှင်...ရှောင်းကျန်အား ငေးနေသူ...ကွေ့လီ...
ဒုတိယနှစ်ကျောင်းသားဖြစ်၍ ကျောင်း၏ အားကစားတွင်တော်ကာ အနုပညာဘက်တွင်လည်းထူးချွန်ကာ ရုပ်ရည်ချောမောသူမို့ ကျောင်း၏ Popular ကျောင်းသားတစ်ဦး...

လူကြိုက်များသော ကျောင်းသားတစ်ဦးဟုလည်း ဆိုနိုင်ကာ...Play Boy တစ်ဦးပင်.
ခက်သည်က သူကဇာတ်လမ်းစ စရာမလိုပါပဲ သူ..ကစားသည်ကို လိုချင်သူကများလှသဖြင့် သူသည်လည်း ကျားမ မရွေးအားလုံးနှင့် အလှည့်ကျကစားပေးသည်မို့
နာမည်ပိုကြီးရလေသည်...

" ကွေ့လီ...ကွေ့လီ....မင်းနော်...ကလေးတွေကိုတော့ ချမ်းသာပေးပါကွာ..."

" အာ...ဒီတစ်ခါမတူဘူးဟ...ဒီလောက်ဖြူစင်ပြီး...ချစ်စရာကောင်းတဲ့ ယုန်လူသားလေးကို မင်းမြင်ဘူးလို့လား...ဖန်းရှီရာ...အိုက်ယား...ချစ်စရာကောင်းလိုက်တာကွာ...ငါ ရဲ့နှလုံးသားတစ်ခုလုံးတော့ သွေးတွေပြောင်းပြန်စီးသွားပြီထင်တယ်..."

" ဟားးးးးး ညွှန်းလှချေလား ကွေ့လီ...မင်း
မင်း...တကယ်ကြီးလား..."

" အင်း....တကယ်ဆိုတာထက်ပိုသွားပြီထင်တယ်...လာကွာလိုက်ရအောင်...သူတို့ကြည့်နေတဲ့ Board အရဆိုရင် GD ဘက်ဖြစ်မယ်...သွားမယ်..."

" ဟာ...တကယ်ပဲဟ မနိုင်တော့ဘူးပဲ...."

ကွေ့လီ..မြင်မြင်ချင်းပင် ဘယ်သူနဲ့မှ မတူအောင် သူ့အားညို့ယူသွားနိုင်သော ရှောင်းကျန့်နောက်သို့ အရူးအမဲသားစားမိသလိုပင်...တမ်းတမ်းစွဲကာ လိုက်လေတော့သည်ကို...သူ့အား ခံစားချက်ရှိကြောင်း သိနေသည်မို့ ရှောင်ရှားနေရသော ကျိရှန်းပိုင်နှင့် သူငယ်ချင်းဖြစ်သူ ယွီပင်းတို့ကြား ပျော်နေရသော ရှောင်းကျန့် မသိပေ.
..............

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now