13 💚❤

2.6K 144 0
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(13) .................

" Bunnyလေး..မင်းငါ့ကိုမလိမ်နဲ့တော့ ငါ ဖေးလိုင်ရွာကိုရောက်ခဲ့ပြီ...မင်းရဲ့သားက မင်းကိုယ်တိုင်မွေးထားတဲ့ကလေးဆိုတာ ငါသိခဲ့ပြီ "

" ဘာ...ကွေ့...ကွေ့လီ..မင်းဘယ်လိုရောက်ပြီး.."

" ဟုတ်တယ်.. ငါထူးဆန်းနေပေမယ့် ငါ့ကိုရွာကလူတွေက အသေအချာကိုပြောလိုက်တာ... မင်းကိုယ်တိုင် "

" ဟင့်အင်း...ဟင့်အင်း ...ပေါက်ကရတွေ...မင်းဘာတွေလာပြောနေတာလဲ.."

ရှောင်းကျန့် ကျောင်းထိကွေ့လီလိုက်လာကာ စကားပြောမည်ဆိုလာသည်မို့ ရှောင်းကျန့်လိုက်ခဲ့ပေးလိုက်သည်...
ကိုယ်တိုင်လည်း ကလေးအဖေပင်ဖြစ်နေပြီမို့ ကွေ့လီဘက်က ကလေးဆန်ဆန် အပြုအမူတွေမလုပ်လောက်တော့ဟု ထင်ခဲ့မိသည်....

ရှန်းပိုင်.." ဘာ...ရှောင်းကျန့်..မင့်သားက မင်း...မင်းမွေးတာလား..ဒါဆို... ဘယ်သူနဲ့ရ...ဟင်...မင်း..မင်းရဲ့ "

ဘယ်အချိန်ကတည်းက ရောက်နေသည်မသိရသော ရှန်းပိုင် အထစ်ထစ်အငေါ့ငေါ့ဖြင့် အံ့သြနေရပြန်သည်...

XZ. ." ရှန်းပိုင် ငါနောက်မှရှင်းပြမယ်...ကွေ့လီ မင်းပြန်လိုက်တော့...ငါစကားထပ်မပြောချင်ဘူး "

ကွေ့.." ငါသိပြီ အဲ့ကလေးက ဝမ်ရိပေါ်နဲ့မင်းနဲ့ရတာမို့လား...ဟုတ်တယ်မို့လား Bunnyလေး..."

XZ. .". ................"

ဘာလုပ်ရမလဲရှောင်းကျန့် စဥ်းစားမရပါ ...

: ဦးနဲ့ရထားတဲ့ကလေးပါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး...ငါဘာလုပ်ရမလဲ..ဘယ်လိုပဲဆိုဆို ဦးက လက်ခံပြီးခေါ်ထားပေးတယ်ဆိုတာ ချစ်ခင်နေလို့မှ မဟုတ်တာ...ငယ်ငယ်တည်းက​ ကျွေးမွေးခဲ့တဲ့ရင်းနှီးမှုအရ သာ...

တကယ်ဆို ဦးက မုန်းနေတာ ငါ့ကိုမုန်းနေတာ...ပြီးတော့ အဲ့ညက ကိစ္စကို ဦးက... ဦးက... လက်ခံခဲ့တာမဟုတ်ဘူး :

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now