15 💚❤

2.7K 149 2
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(15) .................

" ရိပေါ်... မင်းကွာနေစိမ့်လိုက်တာ...ငါ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘေကျင်းရောက်တော့ မင်းအိမ်ကိုလိုက်ခဲ့သေးတယ်...မင်းပြောင်းသွားတဲ့အိမ်လေ... မင်းမရှိတော့ဘူး... "

" အဟင်း...ဟုတ်တယ်..ငါအိမ်ထပ်ပြောင်းလိုက်တာ... "

" အေးပါ... ငါနားလည်ပါတယ်... ဒါနဲ့ ရှောင်းကျန့်ရော... "

" ရှောင်းကျန့်လား..."

" မင်း ရှောင်းကျန့်နဲ့ ပြန်ပြီးအဆင်မပြေသေးဘူးလား ကလေးက မင်းမျက်နှာပဲ ကြည့်နေတတ်တာပါကွာ... "

" ကျန်းချန်. မင်းကလည်းလေ...စတွေ့တွေ့ချင်း ငါ့အပြစ်ပြောနေပြီ...ဟင်း..."

" ကဲကဲ ထားလိုက်တော့ ငါ့ဆေးရုံက သေးတော့သေးတယ်ဟ ခွဲစိတ်ဆရာဝန်က လောလောဆယ် လစ်လပ်နေတာ...အဲဲ့ဒါကြောင့် ဘေကျင်းကိုလှမ်းအကူအညီတောင်းတာ... House ဆင်းနေတဲ့ အထဲ ကျွမ်းကျင်တဲ့သူရှိတယ်ဆိုပြီး ပို့လိုက်တာ မင်းဖြစ်နေမှန်းငါမသိဘူး... ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်ကွာ...ငါ့သူငယ်ချင်း..."

" အေးပါကွာ... ငါလည်းဝမ်းသာပါတယ်.."

ကြာခဲ့ပြီ...ကျောင်းအတူတတ်ခဲ့တဲ့သူငယ်ချင်းက ဆေးရုံအုပ်ဖြစ်နေပြီ ကိုယ်က အခုမှ အလုပ်သင်... ဒါပေမယ့် အဲ့ဒါတွေကို ကရုမစိုက်နိုင်ပါဘူး...

ရှန်ဟိုင်းရောက်နေချိန်...ရှောင်းကျန့်အား တစ်ဖက်က ရှာဖွေနိုင်မည်... ဘေကျင်းတွင်တော့ ကျိရှန်းပိုင်က ဦးဆောင်လှုပ်ရှားနေသည်...

နှစ်တွေကြာတာတောင် ရှန်းပိုင်က ရှောင်းကျန့်အပေါ် ကောင်းမွန်တုန်းပင်....သံယောဇဥ် ရှိနေတုန်းပင်...
မထင်မှတ်ပါပဲ ရိပေါ်...ကျိရှန်းပိုင်ဖြင့် ပူးပေါင်းကာ ရှောင်းကျန့်အား ရှာပုံတော်စခန်းဖွင့်မိရလေသည်...

" ရိပေါ်... မင်းနေရမယ့် အခန်းကိုလိုက်ပြလိမ့်မယ်... ဆေးရုံဝန်ထမ်းလိုင်းခန်းမှာပဲ ပြင်ထားတယ်...မင်းအပြင်မှာ နေချင်ရင်လည်း ရပါတယ် ငါစီစဥ်ပေးမယ်လေ..."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now