14 ❤💚

2.6K 150 1
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(14) .................

YB. ." ရှောင်းကျန့် မင်းရဲ့သားကို ငါသတ်မယ် ငါမုန်းတယ် မင်းကိုရော မင်းရဲ့သားကိုရော ငါမုန်းတယ်... ငါသတ်မယ်.."

ရိပေါ်၏ မျက်လုံးများက အမုန်းတရားကြောင့် မီးဝင်းဝင်းတောက်နေသလိုပင်..
လျန်စန်းအားပွေ့ထားရင်း ရိပေါ်လက်သို့ ပါမသွားစေရန် ရှောင်းကျန့် အစွမ်းကုန် ကာကွယ်နေမိသည်....

" မ...မလုပ်ပါနဲ့ ဦးရယ် သားက အပြစ်မရှိပါဘူး မလုပ်ပါနဲ့ဟင့်..ကျွန်တော်...
ကျွန်တော် တောင်းပန်ပါတယ်..."

" ငါ့ကိုမင့်သားပေးစမ်း...ရှောင်းကျန့်..."

" ဟင့်...ဟင့်... မပေးဘူး ဒါကျွန်တော်နဲ့ ဦးရဲ့ သားပါ...ကျွန်တော်တို့ အသွေးအသားပါ ဦးရယ်... "

" ပေးစမ်း ငါမင်းကိုမုန်းတယ်... ငါ့သားလို့မပြောနဲ့ ပေးစမ်းးးးးး💥💥 မင်းနဲ့ဆက်စပ်တဲ့အရာကို ဘာမှမလိုချင်ဘူး "

" ဟင့်အင်း..မပေးဘူး...မပေးဘူး သားကိုမသတ်ပါနဲ့... "

ရှောင်းကျန့် ရင်ခွင်ထဲပိုက်ထားသော အနှီးလေးကြားမှ နီတာရဲ လျန်စန်းလေး ရိပေါ်လက်သို့ပါသွားရကာ... ရိပေါ်လက်ထဲတွင် သေကြေသွားရသည်ကို မြင်နေရသည်...

" ဟင့်..ဟင့်...သားးးးးး "
💭💭💭

" ပါပါး... ပါးပါး ထပါဦး..နိုးပြီလား သား ဗိုက်ချာတယ်...ပါပါး..."

" အင်...ဟင်..."

: ငါအိပ်မက်မက်နေတာပဲ သားငါ့ဗိုက်ထဲမှာ ရှိနေတဲ့တစ်လျှောက်လုံးမက်ခဲ့တဲ့ အိပ်မက်က သားမွေးပြီးကတည်းက မမက်တော့တာ အခုမှပြန်မက်နေတာလား..
ဦး...ဦးက အိပ်မက်ထဲကလိုများ..:

စိုးရိမ်စိတ်က ထိပ်ဆုံးထိရောက်ရှိသွားရသည်...

ထိုအိပ်မက်ဆိုးကို ရှောင်းကျန့် လျန်စန်းဗိုက်ထဲရှိနေချိန် တစ်လျှောက်လုံးမက်ခဲ့သည်...မက်ပါများလာတော့ အပြင်မှာဖြစ်လာမယ့် ဖြစ်ရပ်တစ်ခုဟုပါ ထင်ယောင်လာမိသည်.
သို့သော် ရိပေါ် ဘေကျင်းသို့ ခေါ်ခဲ့ချိန်တွင်တော့ သားဘဝအတွက် အဆင်ပြေရန် စွန့်စား၍လာခဲ့မိခြင်း ဖြစ်သည်....

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now