2 💚❤

4.1K 258 4
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
""""""""""""""""""""""""""""""""""""""
................(2) .................

" ဟုတ်...တောင်း...တောင်းပန်ပါတယ်ဦး..
ကျွန်တော်သွားတော့မယ်နော်.."

" ဟွန်း...အရေးမပါတာတွေလာလုပ်နေတယ်...သွား...ကျောင်းကို..."

" ဟုတ်..."

ရှောင်းကျန့် မျက်နှာလေးငယ်ကျသွားရကာ..ဦးညွှတ်နှုတ်ဆက်လိုက်ပြီး...အခန်းအပြင်သို့ ထွက်ခဲ့ရသည်...
အထဲမှ ချောင်းဆိုးသံကိုလည်း ကြားလိုက်ရပြန်သည်...

" အဟွတ်....အဟွတ်...."
..................

(New Star Private School, ဘေကျင်း..)

နေ့လည်စာ စားချိန်နားသည်မို့ ကျောင်းသားများအသီးသီး လှုပ်ရှားသွားလာနေကျသည်...
အခန်းထဲငိုင်ကာတစ်ယောက်တည်း ရှိ​နေရသည်က ရှောင်းကျန့်ပင်...
အိမ်တွင်နေမကောင်းပဲ ကျန်နေခဲ့သည့် ရိပေါ်အား စိတ်ပူနေရသည်မို့...ထမင်းစားချင်စိတ်လည်းမရှိရပေ...မနက်စောစောထကာ နေမကောင်းတဲ့သူစားရန်...ပြုတ်ပေးခဲ့သော မပြုတ်တတ်ပြုတ်တတ် ဆန်ပြုတ်လေးအား သောက်မှသောက်ပါ့မလားဟုလည်း စိတ်ပူနေရသည်...

" ရှောင်းကျန့် ..."

". .........."

" ဟေ့ယောင်...ရှောင်းကျန့် ဘာဖြစ်နေတာလဲကွာ...ဟိုမှာမင်းကိုခေါ်နေတာကြာလှပြီ.."

" ဟင်....အင် ယွီပင်း...ဘယ်...ဘယ်ကခေါ်တာလဲ..."

" ဟောဗျာ မကြားဘူးလား... ရုံးခန်းက ခေါ်နေတာလေ...Speaker ကအသံကို တစ်ကျောင်းလုံးကကြားနေရတာကို မင်းတစ်ယောက်ပဲမကြားတာ..."

" ဟင်....အော်...ဟုတ်လား...ဒါဆို ငါသွားလိုက်ဦးမယ်..."

"  အေးအေး...သွား မြန်မြန်.."
.................

( ရုံးခန်း.....)

" ဆရာ...ကျွန်တော့ကိုခေါ်တယ်ဆို..."

ရှီးချန်.." အော်..ဟုတ်တယ်...သား မင်းကို ဆရာတို့ကျောင်းကိုယ်စားပြုအနေနဲ့....
' လူ့ဘဝပျော်ရွှင်မှု' ဆိုတဲ့ ခေါင်းစဥ်နဲ့ စကားပြောပွဲမှာထည့်ထားတယ်..."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now