7 💚❤

2.5K 150 3
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(7) .................

" ရှောင်းကျန့် မင်းကိုငါအရမ်းအထင်ကြီးထားမိပြီထင်တယ်..."

ရိပေါ်.. မျက်ရိုးအား ဖိနှိပ်လိုက်ရင်း သူ့တုံ့ပြန်မှုအား မျှော်လင့်ကြီးစွာ ကြည့်နေသော ရှောင်းကျန့်အား ပြောလိုက်မိသည်..

" ဦး... ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ကျွန်တော် ဦးကိုအဆုံးရှုံးမခံနိုင်ဘူး...ထွက်ပြေးရအောင်ပါ.."

" ဘာလို့ထွက်ပြေးရမှာလဲ... ဘာအကြောင်းတွေရှိနေလို့လဲ...မင်းကျောင်းက ပြန်လာကတည်းက ဒီကိစ္စကို ဒီလောက်အချိန်ယူပြောနေတာ ထွက်ပြေးဖို့ ဟုတ်လား.."

" ဦး ကွေ့လီနဲ့ ဦးမုနဲ့က ပူးပေါင်းပြီးကြံစည်တာ... သူတို့က ဦးနဲ့ကျွန်တော့ကို ခွဲချင်နေတာ..."

" မင်းစော်ကားတာများနေပြီနော်..."

" ဗျာ..."

ရှောင်းကျန့် ကျောင်းမှပြန်လာကတည်းမှပင် ရိပေါ်အား သူနှင့်ထွက်ပြေးကျမည်ဟုသာ ပြောနေလေသည်...

ရိပေါ် စိတ်ရှိတိုင်းသာဆိုလျှင် တကယ်ပင် ရှောင်းကျန့်၏လက်အားဆွဲကာ... ကမ္ဘာကြီး၏လူမရောက်နိုင်သောနေရာသို့ သွားကာ နှစ်ယောက်တည်းသာ နေထိုင်ချင်ပါသည်... သို့ပေမယ့် ဘဝသည် ပြဇာတ်တစ်ခုကဲ့သို့ ကိုယ်ရေးချင်ရာရေးပြီး ကိုယ်ကချင်သလို ကခွင့်မရှိပြန်...

" မင်းစော်ကားနေတယ်လို့မထင်ဘူးလား.."

" ဘာ..ဘာကိုလဲ ဦး.."

" မုထျန်းရန်နဲ့ ငါနဲ့က မကြာခင် လက်ထပ်တော့မယ့် ချစ်သူတွေလေ..သူ့အနေနဲ့ ကွေ့လီလို ကောင်လေးနဲ့ ပေါင်းပြီး ဘာကိုမှကြံစည်နေစရာ မလိုတာ... "

" ဘယ်...ဘယ်လို ဦး ဦးဘာတွေပြောနေတာလဲ. .."

" ဟုတ်တယ်...ငါမင်းကိုပြောဖို့ မေ့နေတာ..
ငါတို့ခရီးမထွက်ခင်ကတည်းက စီစဥ်နေတာ.. မင်းနဲ့ခရီးထွက်ပေးဖို့ရှိလို့ ကြန့်ကြာနေရတာ.. ဒါတောင် အစ်ကိုမုက ငါ့အပေါ်နားလည်ပြီး ချစ်ပေးနိုင်တဲ့သူမို့လို့ သည်းခံပေးနိုင်တာ..."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now