16 ❤💚

2.7K 144 0
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(16) .................

လိရန်ကျန်း.." ဟုတ် ဦး သူကလေ ဒီဆိုင်ကယ်ရုပ်လေး လိုချင်နေတာတဲ့ ဝယ်ပေးလိုက်ပါလား.."

XZ. ." အယ် ဟုတ်လား သားလိုချင်ရင်... ပါပါးဝယ်ပေး.."

" မ..မဟုတ်ပါဘူး ပါပါး.. ပါပါးစျေးဝယ်ပြီးရင် သွားကျမယ်လေ...လိရန်ကျန်း..ငါ ငါသွားပြီနော်.."

" အေး..လမ်းတွေ့ရင်ခေါ်နော်...ဟော ငါ့ပါပါးနဲ့ ဒယ်ဒီတို့ လာပြီ..."

ရှောင်းကျန့် လိရန်ကျန်းပြောသည့်ဘက်သို့ တစ်ချက်ကြည့်လိုက်သော်လည်း သူ့အားအတင်းဆွဲခေါ်နေသော လျန်စန်းလေးနောက်သို့သာ ပါလာရလေသည်....

အနီးအနားတွင်ပင်ရှိသော Mall တစ်ခုမို့ သားအဖနှစ်ဦး လမ်းလျှောက်၍သာပြန်လာခဲ့ကျသည်...

" သား... "

" ဗျာ...ပါပါး..."

" ဆိုင်ကယ်ရုပ်လေး လိုချင်နေရဲ့သားနဲ့ ဘာလို့လဲသားရယ်... ပါပါးဝယ်ပေးနိုင်ပါတယ် သားရဲ့..."

" အော်..ဟို... သားက ပါပါးဝယ်ပေးနိုင်မှန်း သိသားပဲ...တမင်မဝယ်တာပါ "

" ဟေ...ဘာလို့လဲ...."

" အွန်.. သားက ကြီးလာရင် တကယ်ဆိုင်ကယ်အစစ်စီးမှာလေ... အဲ့ကျရင် ပါပါးက သားကို ဆိုင်ကယ်အစစ်ဝယ်ပေးရဦးမှာ..
အခုက အရုပ်ဆိုင်ကယ်ပဲဟာ တကယ်လည်း စီးလို့မရဘူးလေ....အာ့ကြောင့် သားကမယူတာ "

" အမလေး... သခင်လေးဝမ်လျန်စန်းရယ်.
တွက်ကိန်းက ကြီးလိုက်တာဆိုတာ... ဟုတ်ပါပြီ သားကြီးလာမှ သားလက်ညိုးထိုးသမျှ ဆိုင်ကယ်တိုင်း ပါပါးက ဝယ်ပေးမှာသိလား...ပါပါးကတိပေးတယ်နော်."

" ဟုတ်... ပါပါး ဟီးဟီး.."
: ပါပါးက ငါကြီးလာရင်တကယ့်ဆိုင်ကယ်အကြီးကြီးဝယ်ပေးနိုင်လောက်ပါပြီ... အခုက အရုပ်လေးပဲဟာ...ငါဘာလို့ပူဆာရမှာလဲ... ဒါပေမယ့်...ဒါပေမယ့်...ငါအဲ့အရုပ်ဆိုင်ကယ်လေးကိုပဲ အခုလိုချင်လိုက်တာ..
အရမ်းလိုချင်တာပဲ 😔😔 :

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now