6 ❤💚

2.9K 186 10
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(6) .................

" ဂေ့..ဟိဟိ... ပျော်စရာကြီး... ဟိဟိ ချစ်ရသော ဦးရေ မပျော်ဘူးလားဗျာ..."

ပါးမို့လေးများရဲနေသော ရှောင်းကျန့် မူးနေသဖြင့် ရိပေါ်အားလည်း မကြောက်တော့ပဲ ပြောချင်ရာပြောနေမိသည်...
ရိပေါ်မှာ ရှောင်းကျန့်လောက် မဆိုးသော်လည်း သူလည်းရီဝေဝေဖြစ်နေရသည်....

" မင်းဆက်မသောက်နဲ့တော့ မရတော့ဘူး.."

" အွန်းးးးးး သောက်တော့ဘူးနော်.. ဦးစကားကို နား....ထောင်....မယ်....".

" ဟေ့ဟေ့   နားထောင်မယ်ဆိုပြီး လက်က ပုလင်းကိုလှမ်းနေပြန်ပြီ..တော်တော့လေ.."

" ဟုတ်... ဟိ မသောက်တော့ဘူး..
ဘာလို့မသောက်တော့တာလဲသိလား ဦး". .

" မူးနေလို့ပေါ့  "

" Nope Nope ဟုတ်ဘူးးးးး ဦးစကားကိုနားထောင် ချင် လို့ "

" အင်း ကောင်းတယ်.."

" ဘာလို့စကားနားထောင်တာလဲ သိလား.."

ရိပေါ်...သူ့ဘာသူသောက်ရန် ခွက်ထဲအရက်ငှဲ့ထည့်လိုက်ရင်း မေးလိုက်သည်..
ထိုခွက်အား ရှောင်းကျန့်ကယူကာ တစ်ကျိုက်တည်းမော့ချလိုက်ပြီး...
လက်ညိုးတစ်ချောင်းထောင်ကာ သူ့စကားသူဆက်လေသည်...

ရိပေါ်လည်း နောက်တစ်ခွက်ထပ်ငှဲ့လိုက်ကာ သောက်ရန်ပြင်လိုက်သည်..

" ဦးကို ချစ်လို့...".

" ဖွီးးးးးး ဘာ...". .

" ဟုတ်တယ် ဦးရဲ့ ကျွန်တော်က ဦးကိုချစ်နေတာ... ဟောဒီရင်ဘက်ကြီးနဲ့ အပြည့်အဝကိုချစ်နေတာ "

" မင်း ငါ့ကိုချစ်လို့မရဘူး..."

" ဘာလို့လဲ ..."

" .................. "
: ငါဘယ်လိုပြောရမလဲရှောင်းကျန့်... မင်းအသက်ကိုကာကွယ်ဖို့လို့ ငါပြောရင်ရော မင်းကရှေ့ဆက်တိုးမှာပဲမလား:

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now