Zawgyi //
" ဂီဆောင်း ။ ကားကိုဖြည်းဖြည်းပဲမောင်းပေး "
ကားမှန်တံခါးကိုချပြီး ဒယ်ဂူးလ်ရဲ့လတ်ဆတ်တဲ့လေကို တဝကြီးရှူရှိုက်နေတဲ့မင်းသားငယ် ။ မျက်လုံးလေးကိုပါ မှေးစင်းပြီး လေတိုက်တဲ့အရသာကိုခံစားနေလိုက်သေးတာ ။
" မင်းသားငယ် ! ဒီနေ့အိမ်တော်မှာ အစည်းအဝေးရှိတယ်နော် "
ဂီဆောင်းရဲ့အသိပေးစကားကိုကြားတော့ မင်းသားငယ်ကမျက်လုံးလေးခဏဖွင့်ကြည့်တယ် ။ နောက်ပြီး သက်ပြင်းလေးချကာမသိသလိုပဲ လေရဲ့အထိအတွေ့ကိုမျက်စိလေးမှိတ်ပြီးခံစားနေပြန်တယ်။
" မင်းသားငယ် အပြစ်ပေးခံနေရမှာစိုးလို့ပါ "
" ထားလိုက်ပါ ။ အိမ်တော်ရဲ့စည်းကမ်းပေါင်းများစွာကို စိတ်ရှုပ်ခံပြီးနားမထောင်ချင်ဘူး ။ ဒီတိုင်း လွတ်လွတ်လပ်လပ်ပဲနေရတဲ့အခိုက်အတန့်မှာ အားလုံးကိုခဏမေ့ထားလိုက်ရအောင် "
" ဒါပေမယ့် မယ်မယ်ကြီးက.."
" စကားများလိုက်တာ ။ ဆောဂီဆောင်း ! မင်းဘယ်တုန်းက စကားများတတ်သွားတာလဲ "
" တောင်းပန်ပါတယ် "
" ပါးစပ်ပိတ်ပြီး ကားကိုပဲမောင်းတော့ "
စိတ်မရှည်တဲ့လေသံလေးနဲ့ ပြောနေတဲ့သူတို့ရဲ့မင်းသားလေးက ဂင်အိမ်တော်ရဲ့တကယ့်အဆိုးလေး ။
စည်းကမ်းမှန်သမျှ မသိမသာရော သိသိသာသာပါ နည်းနည်းချင်းစီချိုးဖောက်နေတဲ့ ဂျစ်ကန်ကန်မင်းသားလေး ။" ငါ့အကြောင်းကို မကောင်းတွေးနေတာဆို ရပ်လိုက်တော့ ဂီဆောင်း.. ငါအကုန်သိနေတယ် "
ကားမှန်တံခါးကိုပြန်တင်ရင်း ပြောလာတဲ့မင်းသားကြောင့် ဂီဆောင်းသဘောတကျပြုံးလိုက်မိသည် ။
" ပြုံးနေတယ်ဆိုတော့ မှန်နေတာပဲ ။ ရား !! ဆောဂီဆောင်း ... မင်းတော့ !! "
ဒေါသထွက်သလိုအသံနဲ့သာပြောနေတာ မင်းသားလေးမျက်နှာကတော့ပြုံးစိစိနဲ့ရယ် ။
" တောင်းပန်ပါတယ် မင်းသား ။ အခု နည်းနည်းလေးမှမတွေးတော့ပါဘူး "