Jungkook Korea ကိုပြန်ရောက်နေတာ ၃ လလောက်တောင်ရှိပြီ...သည်းငယ်လေးကိုအရမ်းလွမ်းပေမယ့် သွားတွေ့ဖို့အခြေအနေမရခဲ့...သီချင်းအသစ်အတွက်အသံသွင်းတာတွေနဲ့ အကလေ့ကျင့်တာတွေနဲ့ အားလပ်ချိန်ကိုမရှိပေ...
ph ထဲကနေသာအလွမ်းဖြေနေရသည်...ph ပြောရင်းလည်းအရမ်းလွမ်းလာတိုင်း မျက်ရည်တို့ဝဲရသည်အထိ..သည်းငယ်ကတော့ငိုတာပေါ့..အဲ့လောက်ထိသူတို့နှစ်ယောက်ကသိပ်ချစ်ကြပါသည်...
Jungkook အိမ်ပြန်ရောက်တော့ ည 10 နာရီ ..သည်းငယ်တို့ဆီဆို 1 နာရီထိုးခါနီးလောက်ပြီ...လိုင်းအမြန်တက်ကာ သည်းငယ် acc လေးကိုကြည့်မိတော့ Active now ....
"Hello သည်းငယ်လေး မအိပ်သေးဘူးလား"
"..........."
"သည်းငယ်ရေ..."
"............"
ဘာပြန်စာမှမလာသည်မို့ Jungkook အံ့ဩသွားရသည်...သူ့သည်းငယ်ကဘယ်တုန်းကမှ သူ့စကားတွေဆို ပြန်မဖြေတာမျိုးမလုပ်တတ်ပေ..Jungkook စိုးရိမ်သွားရသည်...နေမကောင်းများဖြစ်နေတာလားသည်းငယ်လေးရယ်...
Jungkook ph ခေါ်တော့ ph ကဝင်သွားပေမယ့် ကိုင်မယ့်သူမရှိ....ဆက်တိုက်ခေါ်နေမိတာတောင်ဖြေသူမဲ့နေတဲ့ ph ကြောင့် Jungkook စိုးရိမ်စိတ်တို့ကငယ်ထိပ်ထိပင်ရောက်လာသလို...
ဝေးနေတဲ့အခြေအနေကြီးကြောင့်လည်း အားမလိုအားမရဖြစ်မိသည်...ဒီတိုင်းတော့မဖြစ် ဖေဖေကလည်း သူတို့ကိုအမြန်ယူစေချင်နေသည်...Jungkook ကသာ သည်းငယ်များ ပြန်မှတ်မိလာမလားလို့မျှော်လင့်ရင်း လက်ထပ်ဖို့ကိုမလောခြင်းသာ....
ဒီလကုန်ရင် သည်းငယ်ဆီလိုက်သွားပြီး Korea ကိုမရရအောင်ခေါ်ခဲ့တော့မည်...
.......
Tae လေယျာဉ်ပေါ်မှာ အိပ်ပျော်သွားတာပဲဖြစ်သည်...အခုဆို Tae Korea သွားမယ့်လေယျာဉ်ပေါ်မှာ...ph ကိုကြည့်မိတော့ လိုင်းကပွင့်လျက်သား...Jungkook ဆီက Miss called များစွာတွေ့သည်...
ပြန်မခေါ်တော့..မဟုတ်လည်း သူလိုက်လာခဲ့ပြီ...စကားပြန်လုပ်နေရင်း ရာထူးတိုးတာကြောင့် Korea က ရုံးခွဲဆီပြောင်းလျှောက်နေတာတော်တော်နဲ့အဆင်မပြေ...သုံးလကြာမှ ပြောင်းခွင့်ရတာမလို့ Tae အခုလိုနောက်ကျမှ Jungkook ဆီလိုက်လာရခြင်းဖြစ်သည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-29
Start from the beginning
