"တကယ်ပေါ့ ကျွန်တော့်လူကြီးကို ကျွန်တော်မှမခွဲနိုင်တာ"

...ပြွတ်...

"ဟင်...."

Jungkook က ရုတ်တရက် Tae နှုတ်ခမ်းလေးကို ပြွတ်ခနဲအသံထွက်တဲ့အထိစုပ်ယူကာ ပြန်ခွာသွားသည်...Tae လည်းရုတ်တရက်မို့ ပါးလေးတွေရဲတက်လာသည်....

"ချစ်တယ်သည်းငယ်လေး....ကိုယ်နဲ့လက်ထပ်ကြရအောင်နော်"

Jungkook သည်းငယ်မှတ်မိမှ လက်ထပ်ဖို့ပြောမည်ဟုစဉ်းစားထားပေမယ့် အခုတော့စိတ်ပြောင်းသွားခဲ့ပြီ...သူ့သည်းငယ်မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ...သည်းငယ်ကသူ့ချစ်သူမလို့....အရင်တုန်းကလည်း Jeon Jungkook ချစ်သူက သည်းငယ်ပဲ အခုလက်ရှိချစ်သူကလည်း သည်းငယ်ပဲ...ဒီကောင်လေးကို သူတကယ်ပဲသူ့အနားထားခွင့်ရချင်ပြီ....

"Jungkook..."

Tae လည်းမထင်မှတ်ပဲ လက်ထပ်ခွင့်တောင်းခံရတာကြောင့်မလို့ လူကထူပူနေမိသည်....

"ခနနော် သည်းငယ်"

Jungkook ကသူ့အခန်းထဲဝင်သွားသည်...ပြန်ထွက်လာတော့ လက်ထဲမှာ ကတ္တီပါဘူးလေးတစ်ဘူး...
Tae လက်သူကြွယ်ဆီ ခရမ်းရောင်စိန်ပွင့်လေးစီခြယ်ထားသော လက်စွပ်လေးနေရာယူသွားသည်...

Tae လက်ဖမိုးလေးကို Jungkook က နှုတ်ခမ်းဖြင့်ထိကပ်နမ်းရင်း...

"ကိုယ့်ကိုလက်ထပ်ပါသည်းငယ်...ဒီလက်စွပ်လေးကို သည်းငယ်ကို လက်ထပ်ခွင့်တောင်းဖို့လုပ်ထားတာ..သည်းငယ်ကိုယ့်ကို အရင် Jungkook အဖြစ်နဲ့မမှတ်မိလည်းရတယ်....ကိုယ်ချစ်တာ သည်းငယ်ပဲမို့လို့ ကိုယ့်ကိုလက်ထပ်ပေးပါကလေးရယ်"

Jungkook စကားတို့ကြောင့် Tae မျက်ရည်လေးတွေဝေ့လာခဲ့သည်...သိပ်ချစ်တတ်သော Jungkook ...Tae ကိုတစ်ဘဝလုံးစာပိုင်ဆိုင်ချင်နေခဲ့တဲ့ Jungkook...ဒီလူသားကိုထားပြီး Tae ဘယ်မှမသွားနိုင်...

"အင်း ကျွန်တော်လက်ထပ်မယ်...Jungkook ကိုလက်ထပ်မယ်"

ချစ်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြည့်နေရင်း အပြုံးတို့မှာတောက်ပနေကြသည်....




နောက်တစ်ပိုင်း ဇာတ်သိမ်းပါမယ်...


Unicode.....


💜 I'm Your' Fan 💜(Completed)Where stories live. Discover now