"အဲ့တာ ဘယ်သူ့ကြောင့်လဲ...ကောင်လေးတစ်ယောက်လေ ပစ်ထားတာကိုယ့်ကို...စိတ်တွေကနေလို့မကောင်းတော့တာနဲ့ လူပါဖျားချင်သလိုလိုဖြစ်သွားတာ"
"ဟင် ကျွန်တော့်ကြောင့်ပေါ့နော်"
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူ့ကြောင့်ဆိုပြီး အံ့သြနေတဲ့ကောင်လေး..ချစ်လိုက်တာကလေးလေးရယ်...
"အင်းပေါ့ ကိုယ့်ကိုခံစားရအောင်လုပ်နိုင်တာ အခြားဘယ်သူရှိလို့လဲ"
Tae Jungkook ကိုဖက်လိုက်ပြီး...
"တောင်းပန်ပါတယ်နော်..Jungkook စိတ်မကောင်းအောင်လုပ်မိလို့....ကျွန်တော့်ကြောင့် နေမကောင်းမဖြစ်ပါနဲ့"
တကယ်ကြီးစိတ်မကောင်းဖြစ်နေတဲ့ကလေးလေး....
"ကိုယ်က စတာပါကလေးရဲ့...ကလေးကိုတွေ့ရလို့ ကိုယ်အကုန်ကောင်းသွားပြီ"
"အင်းပါ"
"ရေချိုးတော့နော် တစ်ခုခုစားဖို့လုပ်ပေးမယ်"
"ဟင့်အင်း Jungkook မလုပ်နဲ့ ခနပဲစောင့်နော် ကျွန်တော်လုပ်ပေးမယ်"
"မဟုတ်ဘူးလေ ကလေး"
အခန်းထဲလှစ်ခနဲဝင်သွားတဲ့ကလေးကြောင့် Jungkook မှာတားချိန်တောင်မရလိုက်...ကလေးကလေယျာဉ်စီးလာတော့ ခရီးပန်းနေမှာကို ...
Tae နဲ့ Jungkook ညစာစားပြီးတော့ ဧည့်ခန်းမှာထိုင်နေကြသည်...တစ်နည်းအားဖြင့်ထိုင်နေတဲ့ Tae ပေါင်ပေါ်မှာခေါင်းတင်ကာ လှဲနေတဲ့ Jungkook ရှိလေသည်...
"သည်းငယ်"
"ဗျာ"
"ကိုယ်တို့ဝေးနေတဲ့သုံးလအတွင်း ကိုယ့်ကိုမလွမ်းဘူးလား"
"လွမ်းတာပေါ့ Jungkook ရယ်...ကျွန်တော် Jungkook ကိုတအားလွမ်းခဲ့တာ"
"အခု သည်းငယ်အလုပ်က ဘယ်လောက်ကြာမှာလဲ...ကိုယ်နဲ့ဘယ်လောက်ကြာကြာနေမှာလဲ"
"ဒီမှာပဲ နေလိုက်တော့မှာ "
"တကယ်လားကလေး"
Jungkook က Tae အဖြေကြောင့် ထထိုင်ကာ Tae ကိုယ်လေးကို သူ့ဘက်ဆွဲလှည့်ကာ အံ့သြသလိုလေးမေးလာခဲ့သည်...Tae မျက်လုံးထဲမှာ Jungkook က ဘယ်လိုလေးပဲနေနေ ချောမောနေတော့တာ....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-29
Start from the beginning
