ကျောပြင်ကိုသိုင်းဖက်လာတဲ့လက်သေးသေးလေးတွေနဲ့အတူ သည်းငယ်ဆီက မူပိုင်စတော်ဘယ်ရီကိုယ်သင်းနံ့လေးကြောင့် ခုနကမကြည်တဲ့စိတ်တို့မှာ တခနအတွင်းဘယ်ဆီရောက်လို့ ဘယ်ပျောက်မှန်းပင်မသိ...

"လွှတ်ပါဦး Jungkook ရဲ့ ...ကျွန်တော်အသက်ရှုကျပ်နေပြီ"

Jungkook ရင်ခွင်ထဲက သည်းငယ်အသံလေးကြောင့် ကိုယ်လေးကိုလွှတ်ပေးရင်း

"ကိုယ်စိတ်ပူနေတာ ...ကိုယ့် ph တွေလည်းမကိုင်ဘူး ကိုယ့်စာတွေလည်းမပြန်ဘူး...သည်းငယ်ကကွာ လိုက်လာမယ်ဆိုလည်း ကိုယ့်ကိုကြိုပြောသင့်တာပေါ့...အခုတော့ ဘာများဖြစ်နေလို့လည်းဆိုပြီး ကိုယ်စိတ်ပူနေခဲ့တာ"

Tae မျက်နှာလေးမကောင်းစွာပြောလာတဲ့ Jungkook စကားလေးတွေကြောင့် စိတ်မကောင်းဖြစ်သွားရသည်...သူ့ကိုအံ့သြသွားစေချင်တဲ့စိတ်ကြောင့်မပြောမိတာက Jungkook ကိုအခုလောက်ထိစိုးရိမ်သွားစေမယ်လို့မထင်မိတာအမှန်ပင်...

"ကျွန်တော် တောင်းပန်ပါတယ်နော်...Jungkook ကို အံ့သြသွားစေချင်လို့ မပြောပြမိတာပါ..."

"ရပါတယ်ကလေးရယ် လာလေ အိမ်ထဲသွားရအောင်"

Tae လက်ထဲကအထုတ်တွေပြောင်းသယ်ပြီးဝင်သွားတဲ့ Jungkook နောက် Tae လိုက်ခဲ့မိသည်...အခုထိ Tae နေတုန်းကအတိုင်း ဘာတစ်ခုမှမပြောင်းလဲ...Tae မသိမသာလေးပြုံးလိုက်မိသည်...ဒါနဲ့ဆို ဒီအိမ်ကိုလာနေတာ ၂ ခါမြောက်...

Jungkook က သူ့အခန်းထဲပဲ နေစေချင်ပေမယ့် သည်းငယ်တစ်မျိုးထင်မှာစိုးတာကြောင့် အရင်က သည်းငယ်နေသွားတဲ့အခန်းလေးဆီကိုပဲခေါ်လာခဲ့လိုက်သည်...

"သည်းငယ် ဒီအခန်းမှာနေနော်"

"ဟုတ်ကဲ့"

"ဒါဆို ကိုယ်သည်းငယ်လေးစားဖို့ တစ်ခုခုလုပ်ပေးမယ် ရေချိုးထားလိုက်နော်"

လှည့်ထွက်သွားမလို့ပြင်နေတဲ့ Jungkook လက်ကို Tae ကိုင်ထားရင်း အနားသွားကာ နဖူးလေးကိုစမ်းမိသည်...

"ကိုယ်တွေနွေးနေတယ် Jungkook နေမကောင်းဘူးမဟုတ်လား"

Jungkook မျက်စိရှေ့က သူ့ကိုစိတ်ပူပေးနေတဲ့ ချစ်စရာကောင်လေးကိုသာ ချစ်မဝတဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်ရင်း

💜 I'm Your' Fan 💜(Completed)Wo Geschichten leben. Entdecke jetzt