...ခွင့်လွှတ်ပါကိုကို အလကားအချိန်တွေကြာသွားရလို့...အခု Tae ပြောတဲ့အတိုင်း Tae ဘက်က ကိုကိုနဲ့နီးဖို့ခြေလှမ်းတိုးခဲ့ပြီ...ကိုကိုနဲ့မခွဲရတော့ဘူး...
ချစ်ရတဲ့ချစ်သူ Idol လေးရှိတဲ့မြေဆီသို့ ပျံသန်းနေတဲ့လေယျာဉ်ပေါ်မှာ Taehyung တစ်ယောက်ပျော်မြူးနေတော့သည်....
................................
Jungkook နေသိပ်မကောင်းတာနဲ့ Ent လည်းမသွားပဲ အိမ်မှာပဲနားနေလိုက်သည်...ဒါတောင်ဟိုကောင်တွေက Jungkook နားတဲ့နေ့မို့ အဖွဲ့လိုက်ရောက်ချလာကာ သည်းငယ်ဆီလိုက်သွားတုန်းကအကြောင်းတွေမေးကြသည်....မနေ့ကရင်းအဆက်အသွယ်မလုပ်တဲ့သည်းငယ်ကြောင့် Jungkook စိတ်တွေအဆင်ပြေမနေခဲ့ပါ...
သူတို့မေးတာတွေဖြေရင်း လူက ချစ်သူမြန်မာနိုင်ငံသားလေးကိုသာလွမ်းနေတော့သည်...ဟိုကောင်တွေပြန်သွားတော့မှ Jungkook မှာဧည့်ခန်းက ဆိုဖာပေါ်ကွေးကွေးလေးလှဲအိပ်နေမိသည်....
Ph လေးကိုကြည့်တော့လည်း သည်းငယ်ဆီက စာလေးတစ်စောင်တောင်ရောက်မလာခဲ့...သုံးလတောင်ဝေးနေတာဆိုတော့ သည်းငယ်များ LDRS ဘဝကိုစိတ်ကုန်သွားပြီလားမသိဘူး...ဒါမှမဟုတ် တအားချောလှပြီးချစ်စရာကောင်းတဲ့သူလေးမှာ သူ့အပြင်နောက်ထပ်သဘောကျရမယ့်သူများ ....
မဖြစ်နိုင်ပါဘူး ... Jungkook ခေါင်းတို့ကိုခါရမ်းမိသည်...အတွေးလေးနဲ့တောင်သူမဝေးချင်...
...တီးတောင်....
"ကျစ် ဘယ်သူတွေလာပြန်ပြီလည်းကွာ...နေမကောင်းတာကို အေးဆေးလေးမနေရဘူး"
ပွစိပွစိပြောပြီး တံခါးကိုသွားဖွင့်မိသည်...မကြည်နေသောစိတ်တို့ကြောင့် မျက်နှာချောချောလေးမှာလည်းသုန်မှုန်လျက်ပင်...
"ဘယ်သူ......"
Jungkook စကားပင်ပြီးအောင်မပြောနိုင်...မျက်စိရှေ့ကလူသားလေးကြောင့် အံ့သြသွားရသည်...
"Jungkook"
ဟုတ်ပါသည်...အသံသြရှရှပိုင်ရှင်လေး...နှစ်ယောက်မရှိတဲ့ Jeon Jungkook ရဲ့အဖိုးတန်လေး...
"သည်းငယ်...."
ခြေလှမ်း ၄ လှမ်းအကွာကို Jungkook ချက်ချင်းပြေးသွားကာ လွမ်းနေရတဲ့ကိုယ်လေးကို တင်းကျပ်စွာဖက်ထားမိတော့သည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-29
Start from the beginning
