Taehyungကတွေးဆဆလေးပြောတော့ မန်နေဂျာHyungကလည်းထောက်ခံသည်။

"ကဲ ဒီနေ့Moodသိပ်မဝင်ဘူးမလားTaehyung....လာ လာ Hyungဆက်လေ့ကျင့်ပေးမယ်"

မန်နေဂျာHyungက သူနဲ့အတူdialogueတွေလေ့ကျင့်ပေးသည်။ သို့သော်dialogueထဲတွင် Xiaoလေးအကြောင်းပါသည်နှင့် လေ့ကျင့်နေသည့်Taehyungမျက်နှာလေးကမဲ့ရွဲ့ကုန်သည်။

"အဲ့နေရာကမှားနေပြီလေTaehyungရဲ့ Xiaoလေးကိုချိုချိုသာနဲ့အေးအေးဆေးဆေးနှုတ်ဆက်ပြီးပြောရမှာလေ"

"မသိဘူး မသိဘူးဒီနေ့ကျွန်တော်moodသိပ်မကောင်းဘူး ရတယ်Hyung ကျွန်တော့်ဖာသာပဲဆက်ဖတ်ထားလိုက်တော့မယ်"

"ဟုတ်ပြီ အဲ့တာဆိုလဲသေချာလေးဖတ်ထားအုံးနော် Hyungအရှေ့ခဏပစ္စည်းယူစရာရှိလို့သွားအုံးမယ်"

မန်နေဂျာHyungထွက်သွားတော့မှ သောက်လက်စရေဘူးလေးကိုတစ်ခါတည်းမော့ချပစ်လိုက်သည်။ ထိုစဉ်သူ့ဘေးနားသို့ရောက်လာသည့် Yeonjun။

ဆံပင်ဝါဝါလေးနဲ့ထိုကောင်လေးဟာ စတွေ့တုန်းကချေမိုးနေသလောက်အခုများဖြင့်သူ့ကိုတွေ့ရင်ပြုံးပြုံး ပြုံးပြုံးနဲ့ရောက်လာပြီး စကားတွေအများကြီးပြောတတ်သည်။ စကားပြောရတာလည်းပေါ့ပေါ့ပါးပါးနှင့် အဆင်ပြေသည်မလို့Yeonjunတို့နှင့်ဆို သက်သောင့်သက်သာဖြစ်ရသည်လေ။

သူပြောပါတယ် အကုန်လုံးနှင့်အဆင်ပြေသလောက်Jungkookနဲ့ဆိုဘာဖြစ်မှန်းမသိပါဘူးဆို။

"Taehyung hyung ဗိုက်ဆာပြီလား?"

"မဆာသေးပါဘူးYeonjun ah... Yeonjunကဆာလို့လား?"

"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ..."

မဆာဘူးသာပြောတာ သူ့ဘေးနားလာထိုင်ရင်းcoffeeဘူးတစ်ဘူးကို ကောက်မော့နေလေရဲ့။ ထိုစဉ်အခန်းထဲထပ်ဝင်လာသည့် ဇာတ်ညွှန်းဆရာEunwoo။

ထုံးစံအတိုင်း သူ့ကိုမြင်တော့ပြုံးကာနှုတ်ဆက်သည်။ ထို့နောက်အခန်းထဲတစ်နေရာအလွတ်မှာဝင်ထိုင်လိုက်ရင်း ဇာတ်ညွှန်းစာရွက်တွေကိုတစ်ရွက်လှန်လိုက်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေဟန်ပေါ်သည်။

"ဒီနေ့sceneတွေရိုက်ရတာတော်တော်နဲ့ပြီးအုံးမှာမဟုတ်ဘူးနော် ဒီနေ့Hyunလေးနဲ့Jungkookရဲ့ sceneတွေများတယ် အဟွန်း"

𝙃𝙞𝙨 𝙣𝙖𝙢𝙚 𝙞𝙨 𝙅𝙚𝙤𝙣 𝙏𝙖𝙚𝙝𝙮𝙪𝙣𝙜  {Completed}Unde poveștirile trăiesc. Descoperă acum